Unicode
မနက်ကတည်းက
ရူဘီဟာ အပြင်ထွက်သွားတယ် ။
အလုပ်ကိစ္စနဲ့သွားတာမို့
ဂျီဆူးမနှောက်ယှက်ချင်တာနဲ့ အိမ်မှာပဲ
နေခဲ့လိုက်သည် ။ညနေရောက်တယ့်အထိလည်း
ရူဘီပြန်မရောက်ပေးပါ ။ မြို့တော်ဆိုးလ်ကို
သွားမှာမလို့ နောက်ကျမယ့်အကြောင်းကို
တော့ ဂျီဆူးကို ကြိုပြီး
ပြောသွားတယ် ။ မြို့တော်ဆိုးလ်က
ရူဘီနဲ့အတူလိုက်သွားလို့ မဖြစ်တယ့်
အကြောင်းအရင်းတစ်ခုပဲလေ ။ဒီမှာနေရတာက မြို့တော်ဆိုးလ်မှာနေသလို
ပျင်းရင် မြို့ထဲလည်းပတ်သွားလို့
မရပေ ။ ခြံထဲလမ်းဆင်းလျှောက်တော့လည်း
ဘေးနားမှာ ရူဘီမရှိတော့ ပျင်းစရာ ။
အနောက်ဘက်က အလုပ်သမားတွေနေတယ့် နေရာဆီ သွားရင်လည်း
ရူဘီပြန်လာတာနဲ့ လွှဲသွားရင်လည်း
မဖြစ်သေး ။အဲ့တာကြောင့်မို့ ဂျီဆူး
အိမ်ထဲပဲပတ်ပြီး ကြည့်နေမိသည်။
ရူဘီ့ရဲ့နေအိမ်က အတော်လေး
ကျယ်သည် ။ ဂျီဆူးနေခဲ့တယ့် မြို့တော်ဝန်
အိမ်ယာလိုမျိုးတော့ မဟုတ်ပေမယ့်
ရူဘီတစ်ယောက်တည်း နေဖို့ရာကတော့
အထီးကျန်ချင်စရာ ကောင်းလွန်းတယ့်
အရွယ်အစားမျိုးပဲ ။စာအုပ်ဖတ်ရင် ကောင်းမလား
အတွေးနဲ့ စာဖတ်ခန်းဝင်မယ်လုပ်ပေမယ့်
စာဖတ်ခန်းနဲ့ ဆန့်ကျင်ဘက် လျှောက်လမ်းအဆုံးက အခန်းကို အာရုံရောက်သွားပြီး
ဂျီဆူး ဦးတည်ရာ ပြောင်းခဲ့လိုက်တယ် ။စာဖတ်ခန်းနဲ့ ဒီအခန်းက
တောင်စနဲ့မြောက်စ ဆန့်ကျင်ဘက်တစ်ဖက်ဆီ
မှာ ရှိနေကြသည် ။တံခါးလက်ကိုင်ကအစ ဖုန်တွေတက်နေတာမို့
သန့်ရှင်းလုပ်တယ့်လူတွေက ဘယ်လိုများ
လုပ်နေကြသလဲလို့ တွေးမိသွားတယ် ။ဂျီဆူး အကျီအိတ်ကပ်ထဲက
လက်ကိုင်ပုဝါနဲ့ တံခါးလက်ကိုင်ကို
သုတ်လိုက်တယ် ။ အထဲမှာလည်း ဒီလိုပဲ
ညစ်ပတ်နေမလားဆိုတယ့် အတွေးနဲ့
ဂျီဆူး တံခါးဖွင့်ဖို့တွေးမိပေမယ့်
သော့ခတ်ထားတာကြောင့် ဂျီဆူးရဲ့
အတွေးဟာ အလုပ်မဖြစ်လိုက်ပါ ။ပြီးတော့ အရှေ့က
ကားသံကြားတာမို့ ရူဘီပြန်ရောက်ပြီပဲ
ဆိုတယ့်အတွေးနဲ့ပဲ ထိုအခန်းရှေ့ကနေ
ဂျီဆူး ထွက်လာခဲ့လိုက်သည် ။