After U [5]

829 108 20
                                    

<Zawgyi/>
ဒီတစ်ခါတော့ အရင်တစ်ခေါက်ကလိုမျိုး
အရှေ့ဆုံးက ထိုင်ခုံတွေမှာ ဂျီဆူးမထိုင်ပါ ။
ဦးလေးဟာတော့ တခြားအရာရှိများနှင့်အတူ အရှေ့ဆုံးမှာ
ထိုင်နေတယ် ။ ဦးလေးက အတူထိုင်ဖို့ ပြောပေမယ့်
ဂျီဆူးက တခြားမှာပဲ ထိုင်မယ်ဆိုပြီး တောင်းဆိုခဲ့တာ ။

ဘာလို့ဆို အရှေ့ဆုံးမှာ ထိုင်နေရင်
သူဟာ လွတ်လပ်မှုရှိနေမှာမဟတ်...။ ပြီးတော့
သူက ပြဇာတ်ကြည့်ဖို့ လာခဲ့ခြင်းမှ မဟုတ်တာ...၊ရူဘီကို
တွေ့ဖို့ လာခဲ့တာ ။
အခုတော့ ဂျီဆူးဟာတော့
ပြဇာတ်ရုံရဲ့ ဒုတိယထပ် ဝရံတာပေါ်ကနေသာ ရပ်ရင်း
အောက်ဘက်က ပြဇာတ်စင်ကို လှမ်းငေးနေခဲ့တယ် ။

တစ်ကိုယ်တော် ဖျော်ဖြေမှုဆိုတာ ကြားတော့
မျှော်လင့်လိုက်သေးပေမယ့် ရူဘီဟုတ်မနေခဲ့ပါ ။
တခြား သာမာန် ပြဇာတ် ကချေသည်တစ်ဦးပဲ ဖြစ်နေခဲ့တယ်...။
အင်းလေ ရူဘီက  အရင်တစ်ခေါက်ကသာ
ပြဇာတ်ကဖို့ ထူးထူးဆန်းဆန်းသဘောတူခဲ့ခြင်း မဟုတ်လား ။

ကြီးကြပ်သူအနေနဲ့များ ရူဘီတစ်နေရာရာမှာ
ရှိနေခဲ့မလား အောက်ဘက်ကို မျက်လုံးလှမ်းကစားမိတယ်...။
ထိုင်ခုံတွေမှာ အသီးသီးနေရာယူနေကြတယ့် အရာရှိ ၊
အရာခံတွေရယ်...ပြီးတော့ အနောက်ဘက်မှာ
အသီးသီးရပ်နေကြတယ့်
အစောင့်တွေရယ်ပဲ ရှိတယ် ။  ရူဘီမရှိဘူး...။

ဗြောလ်ဟာတော့ သူမရဲ့ အဖေဘေးမှာ
ထိုင်ရင်း သူ့ကို တစ်ချက်တစ်ချက် လှမ်းလှမ်း မော့
ကြည့်နေတာကို ဂျီဆူးမြင်တယ် ။ လူကို မဟုတ်တာ
လုပ်နေတယ့် ပုံစံလိုလို မယုံသလိုလို ကို လှမ်းကြည့်နေတာ...။
သူ့ကို စောင့်ကြည့်နေသလိုမျိုး ။

ပြဇာတ်ကိုလည်း  ဆက်မကြည့်ချင်တော့ပါ...၊
တစ်ကိုယ်တော် ပြဇာတ်ကသူရဲ့ ဖျော်ဖြေမှုတွေဟာ
ရူဘီ့ရဲ့ ဆံနွယ်တွေလောက်တောင် ငေးဖို့မကောင်း ။

ဒါကြောင့်
ရူဘီကို တွေ့ရလို တွေ့ရငှား ပြဇာတ်ရုံရဲ့
စင်နောက်ဘက်ကို တိတ်တိတ်လေး ဝင်ခဲ့လိုက်တယ်...။

အဓိက က ဗြောလ်မမြင်အောင်လို့ပါ ။
ဗြောလ်မြင်ရင် သူ့နောက် ပါလာအုံးမှာ...။
ဘာကြောင်းရယ်မှန်းတော့ မသိပေမယ့် ဗြောလ်ဆီမှာ
ရူဘီ့ကို မနှစ်မြို့သလို အငွေ့အသက်မျိုးရတယ်...။
အဲ့တာကလည်း သူရူဘီအကြောင်း ပြောမိတိုင်း
စိတ်ဆိုးသွားတတ်တယ့် ဗြောလ်ကြောင့်ပဲ ထင်မိတာပါ ။

After U Where stories live. Discover now