After U [14]

578 72 5
                                    

Unicode



မနက်စာသွားစားဖို့ရန်အတွက်
ပြင်ဆင်နေတယ့် ရူဘီကို ဂျီဆူး
ကုတင်ပေါ်ထိုင်လျက် စောင့်နေမိသည် ။

ရူဘီက မှန်တင်ခုံရှေ့ထိုင်လျက်
ပြင်ဆင်နေတုန်း သူ့အကြောင်းကို
ရူဘီက သိနေခဲ့တာလား ဆိုတာ
မေးသင့် မမေးသင့် စဉ်းစားရင်း
ထိုင်နေမိသည် ။ မနေ့ညက ယူကီဆီက
သူ့အကြောင်းတွေကြားတာတောင်
ဘယ်လိုမှ မဖြစ်တယ့် ရူဘီက
ဒီအကြောင်းအရာတွေကို ကြိုသိနေပြီးသား
လူလိုပဲ ။

ဂျီဆူး မှန်တင်ခုံက မှန်ထဲ ပေါ်နေတယ့်
ရူဘီမျက်နှာလေးကို သတိလက်လွတ်
ငေးမိရင်း အတွေးများနေတုန်း
ရူဘီဟာ သူ့ကို မှန်မှတဆင့်
ပြန်ကြည့်လာခဲ့ပြီး

" အချစ်ရဲ့အကြောင်းတွေ ရူဘီ
သိနေတာက မထူးဆန်းပါဘူး ။ မသိတာကမှ
ပိုထူးဆန်းနေအုံးမယ် မဟုတ်လား "

ရူဘီဟာ သူ့အတွေးတွေကို
သတိနေတာပဲ ။ ဂျီဆူး ရူဘီရဲ့အနား
ခပ်မြန်မြန်သွားလိုက်တာ

" ဒါဆို ရူဘီက ကိုယ်လိမ်နေတာကို
တစ်ချိန်လုံး သိနေတာပဲ ။ ဟို ကိုယ် ရူဘီ့ကို လိမ်ဖို့  မရည်ရွယ်ပါဘူး ။ ဒီအတိုင်း
ရူဘီ့အနားမှာ နေချင်လို့ ဘယ်လိုလုပ်ရမလဲ
မသိလို့ ‌ပြောမိပြောရာ ပြောခဲ့မိတာပါ...ကိုယ်တောင်းပန်ပါတယ်နော် ရူဘီ "

ရူဘီရဲ့လက်လေးကို ဆွဲ၍
သူ ဒူးထောက်မတက် တောင်းပန်မိတော့
ရူဘီဟာ

" ရှင်က လူလိမ်ပဲ "

ရူဘီရဲ့ သွေးအေးအေး အပြောကြောင့်
ဂျီဆူး လန့်သွားမိသည် ။ ရူဘီဟာ
ကျောက်ရုပ်လိုဖြစ်သွားတယ့် ဂျီဆူးရဲ့
မျက်နှာကို ကြည့်ပြီး ဟက်ခနဲ
အသာရယ်တော့ ဂျီဆူးမျက်မှောင်ကြုံ့
မိသွားပြန်သည် ။

" အချစ်လိမ်နေတာ သိရဲ့သားနဲ့
ဘေးနားမှာခေါ်ထားချင်လို့ မသိချင်ယောင်
ဆောင်ခဲ့တာ ရူဘီလေ ။ တောင်းပန်နေစရာ
မလိုပါဘူး ။ ရူဘီဖြင့်တော့ မဟုတ်တာတွေ
လျှောက်လိမ်ခဲ့တယ့် အချစ်ကို
ကြည့်ရင်း အူယားခဲ့မိတာ တစ်ချိန်လုံးပဲ "

ရူဘီစကားကြောင့် ဂျီဆူးနှုတ်ခမ်းဆူ
မိသွားတယ် ။ ရူဘီကတော့ ခပ်ပြုံးပြုံးပဲ ။

After U Where stories live. Discover now