After U [6]

737 88 13
                                    

Unicode


အခန်းဝက အမျိုးသမီးငယ်ဟာ
ဂျီဆူးသိသော ရူဘီလားဆိုတာ သေချာဆန်းစစ်မိတယ် ။ မှားယွင်းနိုင်စရာ အကြောင်းမရှိ ၊ ဒီလို
တင့်တယ်မှုမျိုးကို ဂျီဆူးသိတယ့်
ရူဘီ့အပြင် ဘယ်သူကများ
ပိုင်ဆိုင်နိုင်မှာတယ့်လဲ ။

ရူဘီဟာ အခန်းဝကနေ
သူ့ကို အပြုံးမရှိသော မျက်နှာထား
ဖြင့် လှမ်းကြည့်နေတယ် ။
မာကျောတယ့် မျက်နှာထားမျိုးလည်း
မဟုတ်‌ပါ ။

ဂျီဆူးနဲ့ခဏကြာအကြည့်ချင်း
ဆုံးရင်းမှ ရူဘီက မျက်လွှာချကာ
အကြည့်လွှဲသွားတော့ သူနှမြော
သွားမိတယ် ။ ရူဘီက ဂျီဆူးကုတင်ပေါ်က အညိုရောင်အကောင်ပေါက်လေးကို
ကြည့်ရင်း

" ဒီကိုလာ..."

ရူဘီအသံကြားတာနဲ့ အညိုရောင်
ကောင်ပေါက်လေးက ကုတင်ပေါ်က
ပြေးဆင်းပြီး ရူဘီဆီ သွားတယ် ။
ရူဘီခြေဖျားနား တစ်ပတ်လောက်
ပွတ်သပ်ပြီးတာနဲ့ အခန်းပြင်
ပြေးထွက်သွားတယ့် အညိုရောင်ကောင်ပေါက်လေး ကြည့်ရင်း
စိတ်ထဲမှ ဂျီဆူး ရေရွက်မိသော
စကားမှာ...

' ကံကောင်းလိုက်တယ့် ကောင် '

ခေါင်းကိုငုံ့ကာ စိတ်ထဲက
ရေရွက်ပြီးမှ အခန်းဝ ကြည့်မိ‌တော့
ရူဘီ ရှိနေတုန်း ရှိသေးတယ် ။
သူဘာလုပ်ရမလဲ ၊ ဘာပြောရမလဲ ။
ရူဘီကို တွေ့ရအောင် တစ်ချိန်လုံး
လိုက်ရှာနေမိတာ ဂျီဆူးဆိုပေမယ့်
အခုလို တွေ့လိုက်ရတော့
စကားလုံးတွေဟာ ငေးမောခြင်းအဖြစ်
သာ အသွင်ပြောင်းသွားတော့တယ် ။

" ရှင် သက်သာရဲ့လား "

ရူဘီက ပထမဆုံး သူ့ကို
ရည်ရွယ်ကာ ပြောသော စကားဖြစ်
တယ် ။ သူဘာပြောရမလဲ မတွေးတတ်ဘူး...ခက်ခဲတယ့် မေးခွန်းမဟုတ်ပေမယ့်လည်း...သူ့နားထဲ လွင်စင်လာ
တယ့် ရူဘီအသံကိုပဲ ‌ကြားယောင်နေမိတယ် ။

ပြဇာတ်ရုံထဲ တစ်ကိုယ်တော်ဖျော်ဖြေ
တုန်းက ရူဘီ့ရဲ့ သီချင်းဆိုသံနဲ့
နှိုင်းယှဉ်မိတယ် ။ ဘာကွာခြားလည်း
ဂျီဆူးမသိဘူး ။ စကားပြောတယ့်‌ အသံအနေအထား နဲ့ သီချင်းဆိုတယ့် အသံအနေအထား နှစ်မျိုးစလုံးကတော့
စွဲလွမ်းဖွယ်ကာ ကောင်းတာပဲ ။

After U Where stories live. Discover now