After U [9]

855 100 47
                                    

Unicode


အိမ်အပြန်လမ်းဟာ တိတ်ဆိတ်နေသည် ။
အေးစက်နေတယ့် ရာသီဥတုကြားထဲ
ဂျီဆူးဟာတော့ ချွေးဇောပျံနေခဲ့သည် ။

ရူဘီဟာ သိပ်ကို နားလည်ရခက်တယ့်
အမျိုးသမီး ၊ ခန့်မှန်းဖို့လည်းမလွယ် ။
အခုလည်း ရူဘီ ဘာလုပ်ခဲ့တယ်ဆိုတာ
ရူဘီကိုယ်တိုင်ရော သိရဲ့လားမသိပေမယ့်
ဂျီဆူးဟာတော့ ရူးတော့မယ်
ထင်သည် ။

ရူဘီနဲ့အတူတူရှိနေခဲ့တာ
နှစ်ပတ်နီးပါးတော့ရှိပြီ ။ ဒါပေမယ့်
ရူဘီက အနေတည်တော့ ဂျီဆူး ရင်းနှီးအောင်
ကြိုးစားဖို့ ၊ ပိုးဖို့ပန်းဖို့က အတော်လေး
ခက်ခဲခဲ့တယ်လေ ။

ဒါပေမယ့် စောနကလေးတင်
ဂျီဆူးဘက်ကစပြီးတော့တောင်
ရင်းနှီးဖို့ ခက်ခဲနေခဲ့တယ့် ရူဘီက သူ့ကို...။

ရူဘီ့ရဲ့ပျက်ယွင်းနေတယ့် နှုတ်ခမ်းနီတို့နှင့်
နှုတ်ခမ်းတွေကို ကားမောင်းလျက်ကိုပင်
ခိုးခိုးကြည့်မိသည် ။ ပြီးတော့
သူ့နှုတ်ခမ်းပေါ်မှာပေနေတယ့်
အနည်းငယ်သော ရူဘီ့ရဲ့နှုတ်ခမ်းနီတို့
ရှိနေသေးသည် ။

အိမ်ရှေ့တွင် ကားကို စက်ရပ်လိုက်သည်။ 
ဂျီဆူး ဝယ်ခဲ့တယ့်ပစ္စည်းအိတ်တို့ကို
ယူ၍ ရူဘီ့ကို စောင့်မနေတော့ဘဲ
ကားပေါ်ကနေ အရင်ဆင်းခဲ့လိုက်သည် ။

လောလောဆယ် ဂျီဆူးရင်တွေ
ခုန်လွန်းလို့ ရူးတော့မယ် ။ ရူဘီ့ကို
ဘာကြောင့်လည်း မေးချင်ပေမယ့်
မေးမထွက်ဘူးလေ ။

ဒါကြောင့်
ရူဘီဝယ်ပေးထားတယ့် ပစ္စည်း
အထုတ်တွေကို ဘယ်ညာလက်တို့ဖြင့်
အပြည့်ဆွဲကာ အိမ်ထဲဝင်ရန်သာ
ဦးတည်လာခဲ့သည် ။

သို့ပေမယ့် ပိတ်ထားတယ့်အိမ်တံခါးကြီး
ရှေ့နားရောက်တော့
အနောက်မှ ရူဘီဟာ ဂျီဆူးကို
လှမ်းခေါ်သည်မို့ သက်ပြင်းတစ်ချက်ကို
အသာချရင်း အနောက်ကို
လှည့်ကြည့်လိုက်တယ် ။

အဲ့အခါ အနားလျှောက်လာပြီး
ရူဘီဟာ အိမ်သော့ကို လက်မှာကိုင်ရင်း
အိမ်တံခါးကို ဖွင့်ဖို့လုပ်တယ် ။
သော့ပွင့်သွားပေမယ့် ရူဘီသာ
တံခါးကို မဖွင့်သေးဘဲ
ဘေးနားမှ ဂျီဆူးဆီ အကြည့်တို့
ရောက်လာပြီး

After U Where stories live. Discover now