Unicode
ရူဘီ့အိမ်ရဲ့ဧည့်ခန်းအလယ်မှာ
အေးအေးလူလူထိုင်နေတယ့် ဗြောလ်ရယ်
ပြီးတော့ ဘေးနားက မျက်နှာမသာမယာနဲ့
ဆူးလ်ဂီရယ် ။ ဂျီဆူး ဘေးနားက
ရူဘီကို ကြည့်လိုက်မိတော့ ရူဘီဟာ
သူ့ကို ကြည့်မနေဘဲ အရှေ့မှ ဗြောလ်တို့ကိုသာ
လှမ်းကြည့်နေသည် ။" ရူဘီ ခဏနော်..."
ဂျီဆူးပြောတော့ ရူဘီဟာ
သူ့ကို ကြည့်လာရင်း ခေါင်းညိမ့်ပြသည် ။
အဲ့တော့မှ ဂျီဆူး ဗြောလ်ရဲ့ဘေးအမြန်သွားကာ ဗြောလ်ရဲ့ လက်ကို ဆွဲလိုက်တော့ ဗြောလ်က
ခါထုတ်သည် ။" ဘယ်လိုဖြစ်နေတာလဲ ဗြောလ် ။
နင်ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ "" အဲ့တာ ငါမေးရမယ့် မေးခွန်းမဟုတ်ဘူးလား
ကင်မ်ဂျီဆူး ! တရုတ်ပြည်ကို ခရီးထွက်
နေပါတယ်ဆိုတယ့် လူက ဘယ်လိုလုပ်
မြို့ပြင်က ရူဘီဂျိန်းရဲ့အိမ်ကို ရောက်နေတာလဲ "ဒီလို အေးစက်စက်နဲ့ ကြောက်စရာ
ကောင်းလွန်းတယ့် ဗြောလ်ရဲ့မျက်နှာထားကို
ဂျီဆူး ပထမဆုံး မြင်ဖူးတာပဲ ။ ဆူးလ်ဂီကို
အကူအညီရလိုရငှားကြည့်တော့
ဆူးလ်ဂီက ခေါင်းခါပြသည် ။" နင်ဘာတွေ လျှောက်လုပ်နေတာလဲ
ကင်မ်ဂျီဆူး... "" ရူဘီနဲ့အတူတူ နေနေတာလေ ။
ဘာပြသာနာမှ လျှောက်ရှာနေတာလဲ
မဟုတ်ဘူး "" နင့်မှာ သူနဲ့အတူ နေစရာ
ဘာအကြောင်းရှိလို့လဲ ။ အခုနင်ပြန်လိုက်ခဲ့! "" ဘာလို့လဲ "
ဗြောလ်သက်ပြင်းကို အသက်ကျယ်ကျယ်
ချလိုက်မိတယ် ။ အရှေ့က ကင်မ်ဂျီဆူးကို
ဒေါသထွက်လွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ ။တစ်ချိန်လုံး ဗြောလ်ကသာ
သူ့ကို စိတ်ပူနေခဲ့ပေမယ့် သူကတော့
ရူဘီဂျိန်းဆိုတယ့် မိန်းမနဲ့ အတူတူ
သာယာနေတာလေ ။ဂန်ဆူးလ်ဂီကို မယုံကြည်လို့
လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားမိတာ
ကံကောင်းသွားတာပဲ ။ မဟုတ်ရင်
ကင်မ်ဂျီဆူးက ဘယ်အထိ ခရီးပေါက်
နေအုံးမလဲ မသိဘူး ။" နင်ဘယ်အချိန်အထိ နင်ဒီမှာ
နေမယ်လို့ စဉ်းစားထားတာလဲ ကင်မ်ဂျီဆူး ။
ဒါနင့်ဘဝနဲ့ ဘာမှ ကိုက်ညီမှုမရှိတယ့်
နေရာနော် ။ အခုနင်ပြန်လိုက်ခဲ့ရမယ် !
မဟုတ်ရင် နင့်ကို မြို့တော်ဝန်နဲ့
တိုင်မယ် "
