Unicode
ပြဇာတ်အဖွဲ့ဟာ တိုကျိုမှဗိုလ်မှူးရဲ့
ဧည့်သည်တော်များကို ဖျော်ဖြေနေကြရပြီး
ဂျီဆူးနှင့်ရူဘီတို့ကတော့
စင်ရဲ့နောက်ခြမ်းမှ ယာယီပြင်ဆင်ထားသည့်
နားနေဆောင်တွင် ထိုင်နေကြသည် ။တစ်ချို့ပြဇာတ်ကလူတွေကတော့
နားနေဆောင်ထဲ နောက်ဖျော်ဖြေမှုအတွက်
ပြေးလွှား ပြင်ဆင်နေကြသည် ။" ပြဇာတ်မကြည့်ချင်တာ
သေချာရဲ့လား အချစ် "ရုတ်တရက် ရူဘီ့နှုတ်ခမ်းမှထွက်လာတယ့်
ရူဘီ့ရဲ့အမေးကို ဂျီဆူး
အသာအယာပြုံးကာ ရူဘီရဲ့
လက်ဖဝါးလေးကို ဆုပ်ကိုင်လိုက်ရင်း" ရူဘီ့ရဲ့မျက်နှာလေးကို ကြည့်ရရင်ပဲ
ကိုယ်က ကျေနပ်နေပါပြီ "သူ့စကားကြောင့် ခေါင်းတစ်ခါခါနှင့်
ပြုံးနေတယ့် ရူဘီ ။" သူပဲ သိပ်တတ် "
ဒီအတိုင်း ပြဇာတ်ရုံနောက်မှာ
ရှိနေရုံနဲ့တောင် သိပ်လှပနေတယ့်
ရူဘီဟာ ဘာကြောင့်
စင်ပေါ်မှာမဟုတ်ဘဲ စင်နောက်မှာပဲ
ရှိနေတာလည်းဆိုတာ ဂျီဆူး
နားမလည်နိုင် ။" ရူဘီ...ပြဇာတ်မကချင်ဘူးလား "
ဂျီဆူးရဲ့မေးခွန်းအဆုံး ရူဘီရဲ့
ပြုံးနေသောအမူအရာဟာ တည်သွားသည်
ကို ဂျီဆူးသတိထားမိလိုက်သည် ။
သူမေးခွန်းမှားသွားတာများလား...။" အချစ်က ကြည့်ချင်လို့လား..."
" အဲ့တာထက် ရူဘီဘာလို့
ပြဇာတ်မကတာလဲ သိချင်မိတယ် ။
ပြဇာတ်ကရတာ အရမ်းပင်ပန်းလို့များလား "ရူဘီဟာ ရုပ်တည်နေရာကနေ
ခပ်ဖွဖွပြုံးသွားတယ် ။ ပြီးတော့ ဂျီဆူးရဲ့
ပုခုံးပေါ်သို့ သူမရဲ့ခေါင်းလေးအသာ
မှီချကာ ဂျီဆူးရဲ့လက်ကို နူးညံ့စွာ
ဆုပ်ကိုင်လာရင်း" ခန္ဓာကိုယ်ထက် စိတ်ပင်ပန်းတယ် အချစ်ရဲ့...။
ဘာကြောင့်လဲဆိုတာတော့ နောက်ကြုံရင်
အချစ်ကို ရူဘီပြောပြမှာပါ...။ ဒါပေမယ့်
အချစ်သာ ဆန္ဒရှိရင် ရူဘီဖျော်ဖြေပေးနိုင်ပါတယ် "ရူဘီရဲ့ စကားလုံးတစ်ခုချင်းဆီက
မေးခွန်းသဖွယ်အတိ ဖြစ်နေခြင်းဟာ
ဂျီဆူးကို အတွေးများစေသည် ။ ဒါပေမယ့်
ရူဘီ့ရဲ့စကားလုံးတွေဟာပဲ ရူဘီဟာ
သူ့အပေါ် လေးနက်တယ့် ခံစားချက်တွေ
သိပ်များပြားကြောင်း ခံစားစေတယ် ။
