အပိုင်း(၁)

21.9K 1K 103
                                    

Zawgyi

"dr. အဆင်​ပြေမယ်ဆို ကူညီ​ပေးပါ"

"အတိအကျ​တော့ ကျ​တော်က​​ပြောပြပေးလို့မရ​ပေမဲ့ တခြားဖက်ကလည်း ပြီးပြည့်စုံတာမျိုးနဲ့ဆို ခင်ဗျားမှာရှိတဲ့ ​ဟော်မုန်းကလည်း လက်ခံနိုင်တာမျိုးဆို ကိုယ်ဝန်​ဆောင်ဖို့ဆိုတာလွယ်ကူပါတယ်"

"အခက်အခဲမရှိ​အောင်လာက်​ဆောင်​ပေးပါ dr."

"​စိတ်ချပါ...​ယောက်ျား​လေးအများစုကကိုယ်ဝန်​ဆောင်ဖို့မလွယ်ကူကြ​ပေမဲ့ အများစုကလည်း ဖွဲ့စည်းပုံခန္ဓာကိုယ်နဲ့ ​​ဟော်မုန်းထွက်တဲ့ glandsကလည်းလူ့အသားအ​ရေ ကိုယ်ခန္ဓာကို​ပြောင်းလဲကြပါတယ်။စိတ်မပူပါနဲ့ ခင်ဗျားကကိုယ်ပိုင်​သွေးသားလိုချင်ရင်​တော့ ကျ​တော့်​ပြောတဲ့စည်းကမ်း​တွေလိုက်နာပါ။ပြီး​တော့ စနစ်တကျ​နေထိုင်ဖို့လည်း လိုတယ်​။ တခြားတစ်ဖက်ကပြည့်စုံ​​နေပြီး ကိုယ်က perfect မဖြစ်နိုင်ပဲ ဥပမာ 75 % ​လောက်ပဲ ကိုယ့်​ဟော်မုန်းနဲ့ကိုက်ညီ​​နေရင်​တော့လည်း နစ်နာစရာ​ပေါ့ အနည်းဆုံး​တော့ 90% ​လောက်ဖြစ်​နေမှ သူ့ရဲ့​ဟော်မုန်း glands နဲ့ကိုက်ညီသွားပြီဆိုရင် ကိုယ်ဝန်​ဆောင်ဖို့က အဆင်​ပြေ​နေမှာ​လေ"

"ကျ​တော် နားလည်ပါပြီ dr."

"ဒါနဲ့ ခင်ဗျားကဘာလို့မျိုး​ဒီအ​တွေးနဲ့ ကိုယ့်​သွေးသားကိုလိုချင်ရတာလဲနားမလည်နိုင်ပါလား"

သက်ပြင်းကိုဖြည်းညှင်းစွာချလိုက်ရင်း dr ဖြစ်သူကိုကြည့်လိုက်၏။

"လွန်ခဲ့​​သော တပတ်က သူငယ်ချင်းတစ်​ယောက်ရဲ့ဂုဏ်ပြုပွဲမှာ
ကျ​တော့်သူငယ်ချင်းကအိမ်​ထောင်ကျပြီးသားပြီဆို​တော့ သူတို့နှစ်​ယောက်မှာက​လေးရှိ​နေပြီလို့​ပြောတာ ကျ​တော်အရမ်းထူးဆန်းမိတယ် ဘာ​ကြောင့်လဲဆို ကျ​တော့်သူငယ်ချင်းယူထားတာ ​ယောက်ျား​လေး​လေ အရမ်းအံ့သြမိသွားတယ်"

"ဒါနဲ့ပဲ အခုလိုဆုံးဖြတ်လိုက်တာ​ပေါ့...."

"ပထမက​တော့ အိမ်​ထောင်ပြုမယ်လို့ရည်ရွယ်ထား​ပေမဲ့လည်း ကျ​တော့်စိတ်ကဒီအချိန်မှာ ဘယ်လို​ပြောရမလဲ dr. ​​စိတ်​စောလွန်း​နေတာနဲ့ ပြီ​တော့ ကျ​တော်​နေတဲ့အိမ်မှာ ဘယ်သူမှာမရှိ​တော့ရယ် ... တစ်​ယောက်တည်းသမားဖြစ်တာလည်းပါမှာ​ပေါ့"

U Have My BabyWhere stories live. Discover now