Zawgyi
jungkook သည်ညပိုင်းတွင်အဖျားတက်လာတော့သည်လေ။ jimin လည်း juju ကိုထိန်းလိုက်နှင့် jungkook အတွက် နဖူးပေါ်ကရေဝတ်ကိုလည်းခဏခဏလဲပေးလိုက်လုပ်ရင်း သမီးလေးသည် လေးဘက်လေးထောင့်ကာဖြင့်တောက်တောက်နှင့်သွားတတ်သည့်သူမို့ jungkook အခန်းထဲသို့ရောက်လာရင်း သူ့အဖေကိုမြင်တော့အတင်းကုတင်ပေါ်တက်မည်လုပ်နေတာမို့တိုးတိုးတိတ်တိတ်ဆူရသေးသည်လေ။
မနက် (၂)နာရီသို့ရောက်လာတော့ jungkook ရေဆာနေမှုကြောင့်နိုးလာခဲ့ရာနဖူးပေါ်ကအဝတ်ကြောင့် jimin သည်သူ့ကိုတစ်ညလုံးကြည့်ပေးခဲ့တာပဲလို့တွေးလို့တောင်ရသည်လေ။အခန်းအပြင်သို့ရောက်တော့ jumi က jimin ရင်ဘတ်ပေါ်တွင်အိပ်ပျော်နေပြီး jimin သည်လည်းအိပ်ပျော်နေတယ်လေ။
အဖေနဲ့သမီးကိုကြည့်ပြီး jungkook မပြုံးပဲမနေနိုင်တော့ပါ။အိမ်တောင်ပြန်သွားပြီလို့ထင်ထားပေမဲ့အခုလိုတွေ့ရမယ်မထင်။ဒါသူ့အိမ်ရဲ့ပထမဆုံးဧည့်သည်လို့တောင်ဆိုလိုရသည်။ jungkook သည် jumi လေးကိုချီလိုက်ရင်းသူ့အိပ်ရာသေးသေးလေးထဲသို့ထည့်ကာ နဖူးပေါ်သို့ညအိပ်ရာဝင်အနမ်းပေးလိုက်သည်လေ။ အခန်းထဲကစောင်နှင့်ခေါင်းအုံးအား သွားယူလိုက်ပြီး jimin ရဲ့ခေါင်းကိုအသာအယာကိုင်လိုက်ကာ မနိုးသွားအောင်ခေါင်းအုံးပေါ်ညင်သာစွာတင်လိုက်၍ စောင်ကိုလည်းခြုံးပေးလိုက်သည်လေ။
ထိုအခါမှာ စတီစားပွဲခုံအားမှီရာထိုင်လိုက်ရင်းဖြင့် jimin နဖူးပေါ်တွင်ကျနေသည့်ဆံပင်စလေးကိုသပ်တင်ပေးလိုက်ပြီး ပထမအကြိမ်တွေ့ခဲ့သောမျက်နှာလေးအခုချိန်မှာအနီးကပ်မြင်ရလိမ့်မည်မထင်။ကြယ်တွေလိုလှပြီး လခြမ်းမျက်လုံးအိမ်ကပထမဆုံးအကြိမ်လိုပင်။ကိုယ့်မျက်လုံးတွေကရောက်သွားသည်မှာ ချယ်သီလိုလို နီမြန်းမြန်းရှိနေသည့်နှုတ်ခမ်းဖူးဖူးလေးကြောင့်စိုက်ကြည့်မိသွားတယ်။
စိတ်ကမသိလိုက်ချိန်လေးမှာ jimin မျက်နှာအနားသို့နီးကပ်သွားသောကိုယ့်ရဲ့အပြုအမူကြောင့် ကိုယ့်ဘာသာလန့်သွားကာအမြန်ရပ်လိုက်ပြီးမီးဖိုချောင်မှာရေသွားသောက်တော့၏။ရေသာသောက်နေရတာ အိပ်ပျော်နေသည့် jimin ကိုလှမ်းမြင်နေရသည်မို့ အနောက်ကျောပေးကာရေခွက်ကိုဘေးသို့ချလိုက်ရင်း နှလုံးအသားအချို့ကမြန်ဆန်နေမှုကြီးကကြောက်စရာအလွန်ကောင်းနေသည်လေ။
YOU ARE READING
U Have My Baby
Fanfictionမင်းမှာ ကိုယ့်ကလေးရှိတယ်.... JIKOOK FanFiction font - Unicode and Zawgyi