Zawgyi
jungkook သည်တုန်ယင်နေသော လက်တွေကိုကျစ်ကျစ်ပါအောင်စုပ်ထားရင်း ခန်းမ၏အပြင်ဘက်တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။မျက်စိရှေ့လေးတင်ရှိနေခဲ့သည့် hyung က ရုပ်တရပ်ပျောက်သွားရတယ်ဆို မယုံနိုင်ပါ။
ဧည့်သည်တွေသည်လည်း တစ်ယောက်တစ်ပေါက်ဖြင့် စကားပြောနေကြရင်း mrs.jeon မှာ jumi ၏အငိုမရပ်သောကြောင့် ချော့နေရသည်လေ။
hyung ကသူ့ကိုထားပြီးတော့ထွက်သွားမဲ့သူမျိုး မဟုတ်တာကြောင့် ပို၍စိုးရိမ်နေမိသည်လေ။ဘာကြောင့်များ ဘဝအစကို ကောင်းမွန်အောင် မလုပ်ပေးနိုင်ရတာလဲ။ဆံပင်တွေကိုဆွဲဖွလိုက်ရင်း နံရံကိုမှီကာဖြင့် jungkook သည် စိတ်၏ထင်ရာတွေကို လျှောက်တွေးနေမိတော့သည်။
တွေးပူနေသည့်စိတ်တွေက hyung သာတစ်ခုခုဖြစ်သွားခဲ့ရင်....ဟင့်အင်း!!!မဟုတ်ဘူး..... ငါက...ငါက ဘာလို့ ဘာလို့ အဲ့လိုတွေးနေရတာလဲ မဟုတ်ဘူး!!!!!!မတွေးစမ်းနဲ့...jungkook... မဟုတ်တာတွေတွေးမနေနဲ့....။
စူးတက်လာသည့် ရင်ဘတ်ကနာကျင်မှုသည် အရာရာကိုဆုံးရှုံးရတော့မည့်ခံစားချက်ကို သူမလိုချင်။ခဏတာလေးတောင် ရူးမတတ်ခံစားနေရတာ တစ်သက်လုံးဆို သူသေသွားလိမ့်မယ် hyung......
mrs.jeon သည် သူမ၏သားကိုကြည့်ပြီး မျက်ရည်ကျမိသွားသည်။တကယ်ပဲ ဘာတွေကုန်ကြတာလဲဆိုတာ သူမ မတွေးတတ်တော့ပေ။ jimin ကထိုကဲ့သို့ လုပ်မည့်သူမဟုတွတာကို သူမ သိတာမို့ အခုက ဘာလိုတွေဖြစ်ကုန်ကြမှန်းမသိ။
အဝေးကနေပြေးလာသော yoongi နှင့် seokjin သည်လည်း jimin ပျောက်သွားတာကြောင့် နားမလည်နိုင်ပါ။ seokjin မှာလည်း ပွဲစခါနီးမှရောက်လာ၍ jimin နဲ့တောင်မတွေ့ခင် အခုလိုဖြစ်သွားတာ ထင်တောင်မထင်ထားမိပါ။အလျင်အမြန်ဖြင့် jungkook နားသို့ရောက်လာတော့ jungkook သည် ပါးပေါ်ကမျက်ရည်အချို့ကို သုတ်ပစ်လိုက်သည်။
" တစ်ခုခုသိရရပြီလားးး hyung...jimin.... jimin...ကို ကျတော်တို့ရှာမှဖြစ်မယ်။သူတစ်ခုခု ဖြစ်လို့မရဘူး.... jin hyung....ကျတော့် အပိုင်လေးကိုရှာပေးပါ.... ကျတော် ယော်ကျားကိုရှာပေးကြပါ"
YOU ARE READING
U Have My Baby
Fanfictionမင်းမှာ ကိုယ့်ကလေးရှိတယ်.... JIKOOK FanFiction font - Unicode and Zawgyi