အပိုင်း(၂)

7.5K 799 186
                                    

Zawgyi

"j..jungkook"

yoongi သည်လန့်သွား၍သူ၏အသံသည်လည်းတုန်ရီ​နေသည်မှာ ထိုလူအား​ကြောက်​နေခြင်း​ပင်။

"လာပြီလား hyung..."

တခြားတဖက်​သောသူက​အေး​ဆေးတည်ငြိမ်စွာ​ပြောလာ​သော်လည်း ကိုယ်ကအပြစ်လုပ်​ထားခြင်း​ကြောင့်လားမသိပါ မျက်နှာချင်း​တောင်မဆိုင်ရဲသည့်အ​ခြေအ​နေပင်။ကြောက်ရသည့်အ​ကြောင်းအရင်းက သူသည် jungkook ၏ နှစ်ဝမ်းကွဲအစ်ကိုဖြစ်ပြီး သူအ​ကြောင်းကိုအကုန်သိသည့်သူလည်းဖြစ်သည်။

jungkook ကတစ်ဦးတည်း​​သောသားဖြစ်၍တခါတ​လေစိတ်မရှည်တတ်သလို ​ဒေါသလည်းအနည်းငယ်ထွက်တတ်​သော်လည်း အခု​တော့အရွယ်​ရောက်လာသည်နှင့်အမျှအကျင့်က​ပြောင်းသွား​သော်လည်း တခုပဲ သူလုပ်ချင်စိတ်ရှိပြီဆိုဘယ်သူ့စကားမှနားမ​ထောင်ခြင်းပင်။အ​မေဖြစ်သူနဲ့လည်စကားများရန်ဖြစ်​ပေါင်းကမနည်းပါ။ ကြီးကြီးကသားကိုချစ်ရှာ​သော်လည်းစကား​ပြောဆိုခြင်းမတည့်​​သော​ကြောင့် နှစ်​ယောက်ကစိတ်တိုလွယ်ကြသည်​လေ။အခု​တော့ jungkook က jeon production company ​က ceo ​ပေါ့။

လွန်ခဲ့​သောနှစ်ပတ်က သူနှင့် jungkook သည် အရက်ထိုင်​သောက်ကြရင်း ကြီးကြီးကသူ့အားမိန်းမယူခိုင်းသည့်ကိစ္စနှင့်သက်ဆိုင်​နေသည်လေ။သူ့အသက်ကငယ်​သေးသည်မို့ မယူချင်ကြောင်း​ပြော​တော့လည်း ကြီးကြီးကလက်မခံ တိုင်ပတ်​နေ​​သော သူ့ညီငယ်​လေးအား ​ခေါင်းထဲကအကြံတခုရသွားသည်မှာ jimin ၏ကိစ္စပင်။

သေချာစဉ်စားကြည့်မိ​တော့ jimin  နှင့် jungkook ရဲ့တူညီတဲ့ အချက်​တွေကများသည်​ကြောင့် jungkook glands ဟာ jimin နှင့်များထပ်တူကြ​နေမလားလို့​တွေးမိခြင်း​နှင့်အတူ jungkook ကိုအရက်မူး​အောင်တိုက်ရင်းဖြင့် ကြံစည်ဖို့အသင့်ပြင်လိုက်သည်။

"jungkook ဒီလိုလုပ်...hyung ကူညီမယ်​လေ"

"​အင်း....​hyung က​ကူညီမယ်​ပေါ့ ....ဘယ်လိုမျိုးလဲ"

yoongi သည် jungkook အ​ခြေအ​နေကိုအခဲခက်မိ​တော့ ​ရေချိန်ကိုက်​နေပြီ​လေ။

"ငါ ကြီးကြီးကို​ပြောပြ​ပေးမယ် မင်းကငါ့ကိုတခုပဲ ...မင်းစီက glands ကိုငါ့ကို​ပေးလို့ရမလား"

U Have My BabyWhere stories live. Discover now