Zawgyi
တဖက်မှလာသည့်စကားကြောင့် jimin သည်စိတ်ထဲတွင်နေလို့မကောင်းပင်။ပြီးတော့ထိုသူစိမ်းကကိုယ့်ရဲ့ကလေးကိုသူ့ကလေးပါလို့ပြောတာယုံချင်စရာမကောင်းလွန်း၏။သို့ပေမဲ့ park jumi ဆိုတဲ့သူ့သမီးနာမည်ကိုဒီကောင်လေးကဘယ်လိုသိတာလဲ။စကားတခွန်းမှမထွက်လာပဲ jungkookကိုမမြင်မကြည်သောမျက်နှာဖြင့်ကြည့်နေခြင်းကို သတိထားမိသည့် jungkook ကသက်ပြင်းချလိုက်ရသည်။
"ဟို...အခုချိန်မှာ စိတ်ရှုပ်ထွေးမယ်ဆိုတာသိပါတယ်...ဒါပေမဲ့ ...."
"ဒါပေမဲ့ဆိုတာထက် ငါ့ကလေးကဘာလို့မင်းကလေးလို့ပြောရအောင် မဟုတ်မှ မင်းက stalker လား...."
"မဟုတ်..ရပါဘူး..."
"မဖြစ်ဘူး..ငါ....ငါရဲစခန်း....ရဲစခန်းဖုန်းဆက်ရမယ်"
ရဲစခန်းကိုဖုန်းဆက်ဖို့ပြင်နေသည့် jimin အားကြည့်လိုက်ပြီးသူ့ကို stalker လို့ထင်ရလောက်အောင်လဲအဲ့ပုံစံလည်းပေါက်နေတာမဟုတ်ဘူးလေ။
"yoongi...dr.yoongi"
ထိုနာမည်ကြားတော့ ဗြာများနေသော jimin သည်ငြိမ်ကျသွားကာ jungkook မျက်နှာကိုမယုံစွာကြည့်မိလိုက်တယ်။ဒီတိုင်းတော့နေလို့မဖြစ်ပါ... အစအဆုံးတော့ပြောမှဖြစ်မည်လို့ jungkook တွေးမိလိုက်တယ်။
"jimin shii မနှစ်က dr.yoongi ဆီမှာ glands ပေါင်းစပ်မျိုးပွားနည်းကိုလုပ်ခဲ့တယ်မလား"
ထိုစကားကြောင့် တဖက်သူကမဆိုင်းမတွပဲခေါင်းညိမ့်ပြ၏။
"အဲ့တာကြောင့် yoongi hyung ကကျတော့်ဝမ်းကွဲအစ်ကိုပါ။ပြီးတော့ အဲ့တုန်းက jimin shii ကိုထိုးပေးလိုက်တာ ကျတော့်ရဲ့ glands ကိုယူပြီးထိုးပေးလိုက်တာမို့...အခုမှကျတော်လည်းသိသိရချင်း jimin shii နဲ့ ကလေးကိုတွေ့ဖို့လိုက်ရှာနေခဲ့တာ"
လိုက်ရှာနေခဲ့သည်ဆိုတဲ့စကားကြောင့် jimin သည်ပိုမိုစိုးထိတ်စွာဖြင့်တံခါးအားပိတ်ရင်းပြောလိုက်တော့သည်။
"မပေးနိုင်ပါဘူး....ချီးတောင် ငါ့သမီးကို...မင်းကိုမပေးနိုင်ဘူး!!!!!!"
တံခါးပိတ်သွားခြင်းနဲ့အတူ ဆဲခံလိုက်ရသည့် jungkook မှာတအံ့တသြနှင့်သာရပ်နေမိတယ်။အထင်လွဲသွားတာများလာဆိုပြီး ထပ်ပြီး bell အားနှိပ်လိုက်သည်လေ။မဖွင့်လာသည့်တံခါးကအဆက်မပြတ်စွာနှိပ်နေမိတယ်။အထင်လွဲလို့မဖြစ်ပါ..အခုမှ သူ့သမီးလေးနဲ့စတွေ့ရမှာလေ...ဒီလိုတော့အရှုံးမခံနိုင်။
YOU ARE READING
U Have My Baby
Fanfictionမင်းမှာ ကိုယ့်ကလေးရှိတယ်.... JIKOOK FanFiction font - Unicode and Zawgyi