Zawgyi
ဧည့်ခန်းကဆိုဖာတွင် ငူငူငိုင်ငိုင်လေးထိုင်နေသည့် jimin ကို အိပ်ခန်းထဲတွင် jumi လေးအား သိပ်ရင်းဖြင့်ထွက်လာသော jungkook သည်ဘေးနားတွင်ထိုင်လိုက်ကာ jimin ပခုံးထက်အား လက်ဖြင့်ထွေးပွေ့ထားပြီး ပခုံးထက်တွင်လေးလံနေသော ခေါင်းကိုနားခိုရန် ပြုမူလိုက်သည်။
" hyung.... ဘာမှမစိုးရိမ်ပါနဲ့... ကိုယ် တစ်ယောက်လုံးရှိနေပြီလေ"
စိုးရိမ်မှုမရှိအောင် jungkook အသံဟာကာကွယ်ပေးမည့် နွေးထွေးသောအသံကြောင့် jimin ဘာမှသာမပြောပဲ ငြိမ်ငြိမ်လေးနေမိသည်။ အပြင်ဘက်က သည်းထန်စွာရွာနေသော မိုးသားတွေက မနေ့ကလိုမဟုတ်ခဲ့။ ကိုယ့်ကိုကိုယ်သာအပြစ်တင်နေမိသော jimin က ဒီအလုပ်ကိုသူကိုယ်တိုင်လက်ခံမိခဲ့ခြင်းပင်။
haruto နှင့် ပထမဆုံးတွေ့ဆုံခြင်းတည်းက အကြည့်တွေက ထူးဆန်းစွာရှိနေပြီး တခြားသူထက်ပိုနေခဲ့သည်ကို သူကိုယ်တိုင်သတိမထားခြင်းကလည်း သူ့အပြစ်ပင်။ စိုးရိမ်သည်က jungkook အတွက်ပြဿနာရှိလာနိုင်မည်လား ဆိုတာကို သူတွေးကြောက်နေမိသည်။ခုနက haruto ရဲ့အကြည့်တွေက နားမလည်သလို တင်းနေသည့်နှုတ်ခမ်းတွေကြောင့် စိုးရိမ်မိတာပင်။
" jungkook...."
တအောင့်အကြာမှာ jimin ဘက်က စကားသံလေးကိုကြားရ၍ jungkook ၏အကြည့်တွေမှာ နှလုံးသားကိုအေးချမ်းစေနိုင်သည်။လက်ဖဝါးကိုစုပ်ကိုင်ထားသော လက်တွေကလည်း ပြီးပြည့်စုံခြင်းဆိုသည့် စကားနဲ့ထပ်တူကျနေပြန်သည်။ jimin သည်ပြုံးရယ်ကဖြင့် သူ့ကိုကြည့်နေသော jungkook ကိုပြုံးကာ အားတင်းစွာပြောဖို့ပြင်လိုက်သည်။
"ငါ..ငါ... အဲ့နေ့ကလေ "
"ဟင့်အင်း... hyung အဲ့နေ့ကကိစ္စကိုမပြောပါနဲ့လား "
jimin ဘက်ကပြောလာမည့်စကားကိုသိနေသော jungkook မှာထိုနေ့က အကြောင်းအရာတွေကိုသူမမှတ်မိချင်တာ haruto ဆိုသည့်လူက hyung အပေါ်ဘာတွေပြုမိသွားလဲဆိုတာကို သိနေ၍ နားမထောင်ချင်တာပေ။ hyung ရဲ့နှုတ်ခမ်းလှလှတွေက မကောင်းသည့်အိမ်မက်ကိုပြောပြဖို့ ပြင်နေတာကိုသိပေမဲ့ ကိုယ့်ဒေါသက ထိုလူကိုသတ်မိချင်လောက်ဖြစ်နေတာမို့ မနားထောင်ချင်တာအမှန်။
YOU ARE READING
U Have My Baby
Fanfictionမင်းမှာ ကိုယ့်ကလေးရှိတယ်.... JIKOOK FanFiction font - Unicode and Zawgyi