Zawgyi
"ဆရာ....ဆရာ...!!!"
jungkook သည် meeting အခန်းထဲတွင်ငိုင်နေသောကြောင့် doyoung အသံပေးလိုက်သော်လည်း ဘာမှပြန်မထူးပင်။သူတို့ဆရာရဲ့ မျက်နှာက တချက်လေးမီးမှုတ်ပါက အလွန်ကိုလောင်ကျွမ်းသွားမည့်အခြေအနေတခုဆိုတာကို meeting အခန်းထဲတွင်ထိုင်နေကြသော ဝန်ထမ်းတွေရိပ်မိလျက်။
အကုန်သူကတော့အရိပ်အခြေတွေပြကာဖြင့် စကားပြောမမှားကြဖို့ကိုယ့်ကိုကိုယ်သတိတရပေးနေကြသည်လေ။အကုန်သူမှာ အရေးတကြီး meeting ထိုင်ဖို့စုဝေးကြသောကြောင့် တချို့သောသူတွေကတော့ ရုံးမလာလည်းဖြစ်သည်လေ။ ရှယ်ယာရှင်အချို့နဲ့ ceo ကတော့မဖြစ်မနေ meeting တက်ဖို့တွင်ပါနေခြင်းပင်။ဒါကြောင့် jungkook သည် jumi လေးကိုအိမ်မှာခေါ်ထားဖို့မဖြစ်သလို၊မနေ့ကကိစ္စကြောင့်လည်း jimin ကိုသူမတွေ့ချင်မိပါ။
"ဆရာ!!!"
douyung အသံပေးလိုက်တော့မှ အနည်းငယ်လန့်သွားပြီး ဆက်ပြီး meeting ကိုဆက်ဖို့ပြောလိုက်သည်။သို့ပေမဲ့ခေါင်းထဲမှာပြေးနေသည့် ပုံရိပ်တွေကမနေ့က ညနေစောင်းအချိန်ကပင်။သူ့ခေါင်းကို ရေနွေးပူလောင်းထားသလိုဖြစ်နေတာပါ။
မနေ့က နားစွန်နားဖျားကြားမိသည့် စကားမှာ jimin hyung အား ထိုလူသည် ' အစ်ကို့ အဖြေကိုစောင့်နေမယ်... အေးဆေးစဉ်းစားပါ' လို့ပြောသည့်စကားက သူ့ကိုအလွန်ကိုဒေါသဖြစ်နေသည်လေ။အခုချိန်ထိသူ့အတွက် အပူမီးခဲကိုရင်ဘတ်ထဲမှာပိုက်ထားရသလို တကယ်ကိုပူလောင်နေတာပင်။
jimin က 'ဘာပြောလိုက်တာလဲ'ဆိုသည့် စကားကိုပြန်မဖြေနိုင်ပဲ အငြင်းစကားတခွန်းကိုဖြင့် 'ဘာမှမဟုတ်တော့ဘူး' ပြန်ပြောမိလိုက်သည့်ကိုယ့်အဖြစ်ကအလွန်ကို သုညသမားကျလွန်းသည်ပင်။စိတ်ပျက်မိသည်။မစခင်၊မဖြစ်ခင်မှာအရှုံးပေးချင်မိပြမ်သည်။
သက်ပြင်းခဏခဏချနေရသော သူဌေးကြောင့်အခန်းထဲဝန်းထမ်းတွေလည်း ဆက်ပြီးပဲဆွေးနွေးရမလား၊ရပ်လိုက်သင့်လားလို့တောင်တွေးနေမိကြသည်။ဒါပေမဲ့ ဘာလိုလိုနဲ့အစည်းအဝေးပွဲပြီးသွားပေမဲ့ meeting အခန်းထဲကနေမထနိုင်သေးသောသူမှာ jungkook တစ်ယောက်ပင်။
BINABASA MO ANG
U Have My Baby
Fanfictionမင်းမှာ ကိုယ့်ကလေးရှိတယ်.... JIKOOK FanFiction font - Unicode and Zawgyi