အပိုင်း (၂၀)

4.2K 354 93
                                    

Zawgyi

          ဘာလိုလိုနဲ့ ရက်​တွေကြာလာတာနဲ့အမျှ jungkook နှင့် jimin တို့သည်လည်း မင်္ဂလာကိစ္စ​တွေအတွက် လုပ်ရှုပ်​​နေကြသည်​လေ။ကြားထဲမှာ jungkook ၏အလုပ်ကိစ္စ​တွေနှင့် jimin ၏အလုပ်ကိစ္စ​တွေ​ကြောင့် အ​စောဆုံးလုပ်ရမည့်မင်္ဂလာကိစ္စက ​နောက်သို့​ဆုပ်သွားရ​သည်​ကြောင့် အခုမှ သူတို့နှစ်​ယောက်၏ဘဝကိစ္စ​တွေကို​သေချာတိုင်ပင်ရသည်​လေ။

"hyung ကိုယ်​ပြောတာနား​ထောင်စမ်းပါ ...."

" jungkook ...မင်းဖြစ်ချင်တာကိုငါသိ​ပေမဲ့ ငါမှမကြိုက်တာ"

ဧည့်ခန်းထဲတွင် ဒီရက်ပိုင်းမှာကြား​နေရသည့် စကားသံ​တွေပင်။ mrs.jeon သည်လည်း ဝင်​​ပြောမရသည့်နှစ်​ယောက်ကြားမှာ ဘာတစ်ခွန်းမှမဆိုမိ။ အ​ဖေနှစ်​ယောက်ရဲ့စကားသံ​တွေကမာမာထန်ထန်​လေသံ​တွေကြား​နေရ​သည်မို့ jumi ​လေးက အနည်းငယ်ငိုမဲ့မဲ့ဖြစ်​နေတာ​ကြောင့် ​မြေးရဲ့မျက်ရည်​တော့ အကျမခံနိုင်​တော့ပါ။

"ကဲ...မင်းတို့နှစ်​ယောက်​တော်ကြ​တော့!! jumi  ရှိ​နေတာသတိထားဦး!!"

mrs.jeon ရဲ့လှမ်း​အော်လိုက်မှုကြောင့် jungkook သည်စိတ်ပျက်စွာဖြင့် ဆိုဖာ
ပေါ်သို့ထိုင်ချလိုက်သည်။ သက်ပြင်းတစ်ချက်ချလိုက်ရင်း သူနဲ့အလှမ်း​ဝေး​သော​နေရာတွင်ထိုင်​​နေ​သော hyung ကိုကြည့်လိုက်သည်။

မင်္ဂလာ​ဆောင်ပါတယ်ဆိုမှ လူသိရှင်ကြားသိ​စေချင်လို့​ဆောင်တာ​ကို hyung သည် ကိုယ့်လူ​တွေသာဖိတ်ပြီး အတိုချုပ်လုပ်ချင်​​နေတာ​ကြောင့် အခုထိလည်းစကားများလို့ မပြီးနိုင်​သောကိစ္စပင်။ သို့​ပေမဲ့ အ​လျှော့​ပေးလို့မဖြစ်​သောကိစ္စ​ကြောင့် ဒီတစ်ခါ​တော့ နိုင်မှကိုဖြစ်မည်​လေ။အသံမာမာအစား အသံ​​ပျော့နဲ့ hyung အား​ချော့မြူကာ​​ပြောရမည်​လေ။

jungkook သည် ဆိုဖာက​နေထလိုက်ပြီး ထိုင်​နေ​သော jimin ​ရဲ့​​ရှေ့သို့သွား​သော်လည်း သူ့အားတစ်ချက်​တောင်လှည့်မကြည့်။ မသိချင်​ယောင်​ဆောင်​နေ​သော​ကြောင့် ​​ပေါင်​ပေါ်တွင်တင်ထားသော jimin လက်ကို ကိုင်လိုက်​၍ ထိုလက်ဖဝါးသေး​သေး​လေးကို junnkook သည် သူ၏ပါးပြင်တွင်ကပ်ထားလိုက်သည်။

U Have My BabyWhere stories live. Discover now