အပိုင်း(၃)

6.6K 780 191
                                    

Zawgyi

"jungkook .... မင်းကဒီကို...."

yoongi အခန်းထဲသို့​ဝရုန်းသုန်းကားဖြင့်ဝင်လာသည့် jungkook မှာနဖူး​ပေါ်တွင်​ချွေးစီးတောင်ကျ​နေသည်​လေ။ စားပွဲ​ပေါ်သို့ပစ်တင်လိုက်သည်မှာ စာအိတ်အညို​ရောင်​ကြောင့် yoongi မျက်လုံး​တွေဘာလဲဆိုသည့်အကြည့်နှင့်သာ။သို့​ပေမဲ့ သိချင်စိတ်​ကြောင့် ​မေးမြန်းလိုက်သည်။

"ဒါကဘာလဲ jungkook"

yoongi မှာပါးစပ်ကသာ​​မေး​ပေမဲ့ စာအိတ်အား​ထုတ်ကြည့်​နေပြီ​လေ။လက်ထဲမှာကိုင်ထာသည့် စာရွက်ကိုကြည့်ရင်းလက်​​တွေကတုန်ယင်လာသည်နှင့်အမျှ စိတ်ထဲမှာလည်း ငါ့​တော့​သေပြီဆိုသည့်အ​တွေးအပြင် မကြာခင်ငရဲပြည်တက်​ရောက်ရတော့မည့်အခမ်းအနားကဖိတ်​ခေါ်​နေပြီ​လေ။

"ဟို...."

"လုပ်စမ်းပါဦး ဒီအ​ကြောင်း​လေးရှင်းပြစမ်းပါဦး yoongi hyung "

တခွန်းမှမ​ပြောသည့် jungkook က အခုမှပထမဆုံးစကားထွက်လာသည်​လေ။စကားလုံးတိုင်းရဲ့​လေသံကမာ​နေ​ကြောင်းသိလိုက်ရသည်။ဒါ​ပေမဲ့​တခုခု​တော့သူ​ပြောမှဖြစ်မည်လား။ jungkook ၏မျက်နှာကိုကြည့်ရသည်မှာ​တောင်စွန်းပါးက​နေသူ့အားကန်ချမည့်မျက်နှာ။

"ငါ...ငါ...ငါ​ပြောမှာပါ.... မင်းစိတ်​​...စိတ်အေး​​..​​အေးအေးထား"

"ကျ​တော့်ထက် hyung အရင်စိတ်​အေးဖို့လိုတယ်ထင်တယ်"

jungkook ​ပြောသည်မှာမမှားပါ။အခုလက်ရှိစိတ်မ​အေးတာ သူကိုယ်တိုင်ဖြစ်​နေသည်​လေ။အဲကွန်းခန်းထဲမှာ​တောင်ပူအိုက်လာပြီး လက်ကတုန်တာထက် ပါးစပ်က​ပြောလိုက်သည့်စကား​တွေကအစ ​တုန်ယင်​​နေ၏။

"ငါဘယ်ကစ​ပြောရမှန်းမသိ​ပေမဲ့...မင်းသိချင်တာရှိရင်အရင်​မေး"

"ဘယ်မှာလဲ....ကျ​တော့်ရဲ့က​လေး"

ကိုယ့်စကားနဲ့ကိုယ်ခံလိုက်ရ​သော yoongi မှာ အ​တော်ပင်စိတ်ညစ်သွားရသည့်မျက်နှာ​ကြောင့် jungkook ရိပ်မိသည်​လေ။မေး​တော့လည်းအကျိုးနဲ့အ​ကြောင်းအရင်မ​မေးပဲ သူ၏က​လေးဆိုကစသည်​ပင်။

"မင်းဘာလုပ်မလို့လဲ"

"ကျ​တော်ရဲ့​သွေးသားနဲ့ဖန်တီးထားတာ​လေ ကျ​တော်​မေးရမှာ​ပေါ့"

U Have My BabyWhere stories live. Discover now