Zawgyi
မနက်မိုးလင်းတာနဲ့ အရင်က jungkook အိမ်လေးကတိတ်ဆိတ်နေပေမဲ့ အခုတော့ jumi နှင့် jimin ကြောင့်အလွန်ကိုပြည့်စုံနေသည်လေ။ jumi ရဲ့မပီကလာ စကားတွေကိုကြားနေရပြီး ထမင်းစားဝိုင်းက ပြည့်စုံနေတော့၏။
" hyung သက်သာရဲ့လား...."
မနက်စာချရင်းဖြင့်မေးလိုက်သော jungkook စကားကြောင့် တံတွေးသည်း သွားပြီး မျက်စောင်းသေးသေးလေးထိုးကာဖြင့် jumi ကြားမှာစိုး၍ကြည့်တော့ ဖေဖေနှစ်ယောက်ကိုရယ်မောပြနေသည်လေ။
"ကလေးရှေ့မှာ jungkook....."
"ဪ ... daddy တို့ပြောတာနားလည်လို့လား သမီးရေ..."
"dadadddy... daddyy"
"jungkook...!!!"
jimin ဆူငေါက်သည့်အသံလေးကြောင့် jungkook ကရယ်မောလိုက်ပြီး ထိုင်နေရာကနေ jumi ကိုချီလိုက်ပြီး ပါးဖောင်းဖောင်းလေးတွေကို နမ်းလိုက်တော့သည်လေ။
မနေ့ညက ပေးထားသည့်အမှတ်နီနီလေးတွေက jimin လည်ပင်းတွင် သတ်သေအနေနဲ့ရှိနေသည်ကိုမြင်နေရတော့ အပိာင်ဆိုသည့်စာလုံးကသူ့အတွက်ဖြစ်သလို။ ဘေးကထမင်းစားနေသူ အကြင်သူအား ကြည့်လိုက်ပြီး ပြုံးမိနေတာအမှန်ပါ။ဘဝမှာ တစ်စုံတစ်ယောက်ကို လက်မလွှတ်ချင်လောက်အောင် ပိုဆိုင်ခွင့်ရမည်လို့ မထင်ထားပါ။ဒီကိစ္စသာ yoongi နှင့် အမေကိုအသိပေးသင့်ပေမဲ့ အမေ့ကို မပြောရဲပေ။
" jungkook စားလေ ...ဘာတွေတွေးနေတာလဲ "
"ဘာမှမတွေးပါဘူး... ပိုင်ဆိုင်ရလိမ့်မယ်လို့တခါမှမထင်ထားခဲ့ဘူး"
" အင်း.... "
jumi လေးကို jimin ကြည့်ပြီး သက်ပြင်းငွေ့ငွေ့လေးချကာဖြင့်စားနေလက်စမနက်စာကိုရပ်ထားကာဖြင့် jungkook အားကြည့်လိုက်တော့သည်။
"ငါတို့အဆင်ပြေကြပါ့မလား..."
"ဘာလို့လဲ hyung"
"မကြာခင် jumi လေးကတစ်နှစ်ပြည့်တော့မှာလေ...ပြီးတော့ မင်းရဲ့အမေလည်းသိသေးတာမဟုတ်တော့ လက်ခံနိုင့်ပါ့မလားလို့ "
YOU ARE READING
U Have My Baby
Fanfictionမင်းမှာ ကိုယ့်ကလေးရှိတယ်.... JIKOOK FanFiction font - Unicode and Zawgyi