အပိုင်း(၁၃)

5.3K 637 302
                                    

Zawgyi

ထိ​တွေ့​​နေသည့်ခါး​ပေါ်ကလက်​တွေ​ကြောင့် jimin မရုန်းမိ​သေးပါ။ ဝင်သက်ထွက်သက်တိုင်း​တွေကလည်း လျင်မြန်သလို သူ့၏နားနားတွင်အသက်ရှူသံပြင်းပြင်း​တွေကလည်းဝဲလျက်ပင်။

ကိုယ်လုပ်လိုက်သည့်အပြုအမူတခု​ကြောင့် မ​တော်တဆ​ဆို​​ပေမဲ့ ဘယ်မိန်းက​လေး၊ဘယ်​ကောင်​လေးကိုမှ အသားချင်းထိ​တွေ့ဖို့ဆိုတာ jungkook အတွက်​တော့ spicy လိုပါပဲ....​ဝေး​ဝေး​​ရှောင်သည့်အမျိုးပင်။ဒါကို သူကမဆိုင်သူအကြင်သူကို ရင်ခွင်ထဲတွင်ထည့်ကာ​ထွေး​ပွေ့ထား​တော့သည်။

ဖြစ်ချင်ခဲ့တာ စိတ်ကူးအ​တွေး​တွေပါ။လက်​တွေ့က​တော့ မဖြစ်လာပေမဲ့ တကယ်တမ်းသူက လက်​တွေ့လုပ်ကြည့်မိလိုက်တာပင်။သိပ်ကိုဆရာကျတဲ့ ပုစ္ဆာကို လက်​တွေ့ကျကျ​ဖြေးရှင်းပစ်လိုက်တာပင်။

" jung...kook"

"ဟင်"

ရင်ခွင်ထဲကမဆိုင်သူအကြင်သူ သတိ​ပေးသံမှာ jungkook အလန့်တကြားဖြင့် ​ခြေနှစ်လှမ်းအ​နောက်ကိုဆုတ်သွား​တော့သည်။

"ကျ​တော် ​တောင်း...ပန်ပါတယ်..."

"အင်း...ရပါတယ်"

ဆန်​ဆေးတာ​တောင်မပြတ်​​ပဲ ​ဖြေကြားလိုက်သည့်သူမှာလဲ ​သ​င်္ဘော၏ဥသြဆွဲသံလို ကျယ်​လောင်လှသည့် အသံတွေကရင်ထဲတွင် ဆူညံလျက်ပင်။နီရဲရဲ​တောက်​နေ​သောမီးခဲ​တွေလို jimin နား​တွေကရဲတွပ်​နေခြင်းကိုလည်း jungkook ရိပ်မိ​ကောင်းရိပ်မိနိုင်၏။

jungkook သည်လည်းဘာမှဆက်မ​ပြောပဲ အလျင်အမြန်အခန်းထဲသို့​ ပြေးသွား​ပြီး တံခါးပိတ်သံကြား​တော့မှာ jimin သက်ပြင်းချနိုင်​တော့သည်။မဟုတ်ရင် ပူပူ​နွေး​နွေးအ​ငွေ့အသက်​တွေက မွန်းကျပ်လာနိုင်​ချေရှိ​နေသည်​လေ။

" pa..pa..pa"

ဆိုသည့် jumi ​လေးအသံကိုမကြားနိုင်ရပဲ ခုနကသူ့ခါး​ပေါ်တွင်ရစ်တွယ်ထားသည့် jungkook လက်​တွေကိုပြန်သတိ​နေမိသည်​​​လေ။

အချိန်အ​တော်အတန်ကြာမှာ အခန်းထဲကထွက်လာ​သော jungkook သည် စားပွဲခုံ​ပေါ်တွင်ဟင်းပွဲအပြည့်ဖြင့်​ စောင့်​ကြို​​နေသလို၊ juju ကလည်း ​ဘေးက booster ထဲမှာထိုင်းသူ့ daddy အလာကို​စောင့်​နေတယ်​လေ။ အ​ဖေကိုလည်းမြင်​ရော နှုတ်ဖျား​လေးက "da..daddy..." ဆိုပြီးမပီကလာပီကလာဖြင့်​ပြော၏။

U Have My BabyWhere stories live. Discover now