Zawgyi
စားသောက်ဆိုင်တွင် လှပသည့် ညအတွက် ပြင်ဆင်ထားသော စားပွဲဝိုင်းတွင်တိတ်ဆိတ်ခြင်းဆိုပေမဲ့ ထိုတိတ်ဆိတ်မှုလေးက အလွန်ကိုအေးချမ်းပြီး လှနေတယ်လို့ပြောရမလားမသိပါ။ လက်သကြွယ်ထက်တွင် ဝင်းဝင်းလေးဖြစ်နေတဲ့ လက်စွပ်ကြောင့် jimin မပြုံးပဲမနေနိုင်တော့ပေ။
ပျေည်ရွှင်မှုရဲ့ ရင်ထဲကလာသောလှိုင်ဖိုမှုက ထိုအပြုံးတွေကသိပ်ကိုလှပပြီးအသက်ဝင်နေသည်လေ။ဒါပေမဲ့ တစ်ယောက်သောကလည်း ထိုအပြုံးတွေအားကြည့်နူးစွာကြည့်နေ၏။
" အာ... ပေးဖို့မေ့နေတာ ဒီမှာ သမီးအတွက် လက်ဆောင်...."
သမီးအတွက်ဆိုပြီး ဘူး အမဲအရောင်လေးထဲက ရွှေဟန်းချိန်းလေးကြောင့် jimin သည်အံ့သြသွားကာဖြင့် jungkook ကိုကြည့်လိုက်သည်။
" jungkook... သမီးကို ဒါတွေမပေးလည်း ရပါတယ်"
လက်သေးသေးလေးထက်မှာ ဝတ်ပေးလိုက်တော့ သဘောကျစွာဖြင့် သူ့ daddy အားပြုံးပြနေတော့၏။
" ဒီသမီးတစ်ယောက်ပဲရှိတာ မပေးလို့ဖြစ်မလားနော်။ ဟုတ်တယ်မလား ... my princess "
" အင်း.."
ဘာကို အင်း မှန်းမသိတဲ့ သမီးဖြစ်သူကြောင့် jimin သည်သွေးတောင်တက်ချင်လာသည်။
"ပြီးတော့ ဒါ..."
jungkook လက်ထဲကနေပေးလာသော စာအိတ်ကြောင့် jimin လည်းဖွင့်ကြည့်လိုက်ရာ ပို၍မျက်လုံးပြူးသွားကာဖြင့် ချက်ချင်းငြင်းလိုက်တော့သည်။
"ဒါတော့ လက်မခံဘူး... jungkook... "
" လက်ခံပါ hyung... ကိုယ် သမီးအတွက်လုပ်ပေးထားတာပါ.... တစ်ချိန်ကျရင် သူ့အတွက်ဆိုတာလေး ချန်ထားခဲ့ချင်လို့"
" မဟုတ်သေးဘူး jungkook... ဘယ်လိုပဲဖြစ်ဖြစ်လေ မင်း သမီးဆိုပေမဲ့ ဒီရှယ်ယာနဲ့ အိမ်စာချုပ်ကတော့ မဟုတ်သေးဘူးလေ "
jungkook သည် jimin လက်လေးကိုစုပ်ကိုင်လိုက်ပြီး ပြုံးပြလိုက်သည်။
" ကိုယ် hyung ပြောတာနားလည်တယ်။ ကျတော်တို့နှစ်ယောက်အတွက် ဖြစ်တည်လာတဲ့ သမီးအတွက် စုဆောင်းပေးဖို့လိုတယ်လေ ။ ဒါကြောင့် ကိုယ်ရှာသမျှက hyung နဲ့ ဒီသမီးလေးအတွက်ပဲ "
YOU ARE READING
U Have My Baby
Fanfictionမင်းမှာ ကိုယ့်ကလေးရှိတယ်.... JIKOOK FanFiction font - Unicode and Zawgyi