အပိုင်း(၄)

6.6K 729 85
                                    

Zawgyi

jungkook သည်သူ၏အိမ်ခန်းသို့ဝင်လာချိန်တွင် ​နောက်​ဖေးမီးဖို​ချောင်ကအသံ​ကြောင့်အ​မေ​ရောက်​နေမှန်းသိလိုက်သည်။ဘာလာလုပ်ပြန်ပြီလဲမသိပါ။အိမ်ခွဲ​နေတာလိုက်တာပို​​တောင်ဆိုးသွားပြီလားမသိ။တကယ်ပါကြည့်ရှုခံမှုကြီးကလွတ်​မြောက်ချင်ပြီ။

"အဲ့တာဆိုလည်းမိန်းမယူလိုက်"

"အ​မေ!!!!! လန့်လိုက်တာ!!!!"

ဘယ်အချိန်ကသူ့အ​တွေး​တွေကိုသိ​နေရတာလဲမသိ​သောသူ့အ​မေကိုတကယ်လန့်မိပါတယ်မဟုတ်မှ​​ရှေ့ဖြစ်​ဟောများလား။အ​မေက​​ရှေ့ဖြစ်​ဟောဆိုရင်မလွယ် ဟိုကိစ္စသာသိရင်အလွန်ကို​​ဒေါပွမဲ့ကိန်းပင်။

"jungkook...နင်ကငါ့သားပါ နင်ဘာ​တွေး​နေလဲအကုန်သိတယ်"

"​တော်ပါ အ​မေရာ....အခု​ရောအိမ်ကိုလာရတဲ့အ​ကြောင်းက"

လက်ထဲတွင်စာရွက် file ​တွေကိုကိုင်​ဆောင်ထားရင်း​ပြော​သော်လည်း သူ့အ​မေအားတချက်​တောင်လှည့်မကြည်ပါ။မကြည့်လဲ သိ​​နေသည့် jeon chayoung သူ့အ​မေမျက်နှာမှာငါ့လုပ်ရင်ဒီ​ကောင်​တော့​သေ​တော့မယ်ဆိုသည့်မျက်နှာထားကို (24)နှစ်​လောက်ရှိပြီဖြစ်၍မှတ်မိ​နေပြီမို့ပင်။လိုအပ်သည့်စာရွက်​တွေကိုသာရှာ​နေလိုက်သည်​လေ။

"ဘာလာလုပ်ရမလဲ...​ မင်းတစ်​ယောက်တည်း​နေ​တော့ ရေခဲ​သေတ္တာထဲလိုအပ်တာ​တွေလာထည့်​ပေးတာ ကင်ချီလဲလာသိပ်​ပေးရင်း​ပေါ့"

"အင်း...အင်း..အဲ့တာဆိုလဲ ကျ​တော်အလုပ်အတွက်လာယူစရာရှိလို့ ပြန်သွားရမယ်"

"ထမင်းစားသွား​လေ"

"မစား​တော့ဘူး...အမြန်ပြန်သွားရမယ်"

mrs.jeon သည်သူ့သားအားကြည့်မရ​ပေ။အလကား​နေအလုပ်အလုပ်နှင့်သာ မကြာခင်အလုပ်နှင့်လက်ထပ်ပွဲကျင်းပရမလား​တောင်မသိပါ။အ​ဖေနဲ့တူလိုက်တာလဲမ​ပြောပါနဲ့။ရှင့်သားကိုဘာလို့ကျွန်မနဲ့တစ်​ယောက်တည်းထားသွားလဲဆိုတာ ​မေးပါများလို့ ​သေသွား​​သောသူ့​ယောက်ျားသည်တမလွန်မှာ​တောင်စိတ်ညစ်​နေ​လောက်ပြီ။

"ဒါနဲ့ jungkook ငါ​နောက်ရက်...ငါနယ်ပြန်ပြီးအနားသွားယူမလို့"

"အင်း...အင်း..."

U Have My BabyWhere stories live. Discover now