Zawgyi
jimin သည်နောက်ဆုံး အိမ်ဆိုသည့်တည်ရှိစာနေရာသို့ရောက်လာခဲ့သည်။ဒါပေမဲ့ သူသည်အခုထိကားထဲမှာ ထိုင်နေမိသည်လေ။ကျနေသည့်မျက်ရည်တွေကအခုထိကို မတိတ်နိုင်သေးပါ။ဘာကြောင့် ငိုနေရတာလဲ မေးခဲ့လျှင်...လူတစ်ယောက်ကိုယုံကြည်မိသလို တခြားတစ်ယောက်အား ဥပ္စကာပြုခဲ့မိခြင်းကြောင့်ငိုနေမိသည်။
ပျော့ညံ့လို့ငိုရခြင်းမဟုတ်... အကြိမ်ကြိမ် မသွားပါနဲ့လားဆိုသည့်စကားတွေကိုနားမထောင်မိလို့ ယခုလို သူ့အားစော်ကားပြုမူခြင်းခံရသည်မဟုတ်လား။အတင်းအကြပ်ပြုမူတာတွေကို သူမကြိုက်ပါ၊ မရင်းနှီးသည့်ဆက်ဆံရေးမှာ ကမောက်ကမဖြစ်သွားသည့် အကြောင်းအရာတွေက ဒေါသထွက်စေမိသည်လေ။
နှုတ်ခမ်းတွေ ခပ်ကြမ်းကြမ်းဆွဲသုတ်ခြင်းကြောင့် တဖြည်းဖြည်းပွန်းပဲ့လာသလို ပူလောင်လွန်းလှသည့်မျက်ရည်တွေက jimin ပါးပြင်မှာမရပ်တန့်ခဲ့ပါ။စီယာတိုင်အား ထုကာဖြင့်ကားထဲတွင်အော်ဟစ်ကာငိုကြွေးခဲ့သည်။
နောက်ဆုံးတော့ စိတ်ကိုထိန်းနိုင်ခဲ့ပေမဲ့ နီရဲနေသည့်မျက်ဝန်းတွေအပြင် ပေါက်ပြဲနေသည့်နှုတ်ခမ်းတွေကတော့ဖုံးဖိ ဖို့မရတော့ပါ။ jungkook အိမ်ရှေ့တွင်အခုတော့ရပ်နေမိသည်။ အားနာစိတ်၊တောင်းပန်စိတ် တွေကြောင့် အိမ်ဘဲလ်ကို မတီးနိုင်ပါ။ jungkook နှင့်သူ ဘယ်လို ရင်ဆိုင်ရမှန်းတောင်မသိတော့ချေ။
လက်ချောင်းတွေက အိမ်ဘဲလ်အား တွန့်ဆုတ်စွာတီးလိုက်ပေမဲ့ မဖွင့်လာသေးသော တံခါးကြောင့်ထပ်မံတီးဖို့ ပြင်လိုက်ရာတွင် အိမ်တံခါးကပွင့်လာတော့သည်။အိမ်ထဲသို့ရောက်တော့ jungkook သည် သူ့အားနောက်ကျောပေးကာ ရပ်နေသည်လေ။
" jungkook "
တိုးညှင်းစွာဖြင့် jimin တိုးညှင်းစွာခေါ်ဆိုလိုက်သော်လည်း jungkook သည် လှည့်ကြည့်၍မလာခဲ့ပါ။
" jumi အိပ်နေတယ်... jimin hyung....သမီးကို ပြန်ခေါ်သွားတော့မလား... hyuung လည်း အနားယူသင့်ပြီလေ "
ESTÁS LEYENDO
U Have My Baby
Fanficမင်းမှာ ကိုယ့်ကလေးရှိတယ်.... JIKOOK FanFiction font - Unicode and Zawgyi