Zawgyi
မနက်စောစောစီးစီးဖြင့် jungkook သည် ရုံးသို့မသွားခင်မှာ doyoung အားဖုန်းဆက်၍ ချိန်းထားသည့်နေရာကိုလာခဲ့ဖို့မှာလိုက်သည်။ ဆိုင်တစ်ဆိုင်ရှေ့က ကားပါကင်တွင် ထိုးရပ်လိုက်၍ ခမ်းနားလွန်းသော လက်ဝတ်ရတနာဆိုင်ပင်။ ဆိုင်ထဲကထွက်လာသော doyoung မှာ သူ့ဆရာကိုလာခေါ်ရသည်။
ဆရာ၏ကောင်းမှုကြောင့် မိုးမလင်းတည်းက ဖုန်းဆက်နှိုးကာ လူကအိပ်ရေးမဝသည်မို့ အိပ်ချင်ချင်ဖြစ်သော်လည်း တက်ကြွနေသော ဆရာ့ကိုကြည့်၍ သက်ပြင်းချရပြန်သည်။ အခုချိန်ထိ ဘယ်သူ့ကို propose လုပ်မည်ဆိုတာမပြောသေး၍ သိချင်နေသောမိမိစိတ်မှာ လျှော့ထားရပြန်သည်။သေချာတာ မင်္ဂလာဆောင်ဖိတ်စာရမှ သိရမည်ထင်တယ်။
လက်စွပ်ဘူးများမှာ စားပွဲပေါ်တွင်များစွာရှိနေပြီး တစ်ခုပြီးတစ်ခုပြနေရသော ဝန်ထမ်းမလေးတွေမှာ jungkook အားကြည့်ပြီး ဂျေးများလွန်းသည့် ယောက်ျားပါလားလို့ အပြစ်မြင်လာကြသည်။ပြလိုက်သည့် လက်စွပ်အား မကြိုက်ဘူးပဲပြောနေတာမို့ doyoung ကလည်း ဝန်ထမ်းမလေးတွေနဲ့အတူ မျက်နှာက စိတ်မရှည်ခြင်းများစွာဖြင့် ကိုယ့်ဘာသာ ဒီဇိုင်းထုတ်ဝတ်လိုက်ပါတော့လား ဆရာ ရယ်လို့ ပြောလိုက်ချင်၏။ပြောပြီးရင် နောက်ရက်မှာ doyoung သည်အလုပ်လက်မဲ့ဖြစ်သွားမည်ကိုလည်း ကြိုမြင်နေရပြန်သည်။
" mr.jeon အဆင်ပြေမယ်ဆိုရင် တခြားပုံစံထဲကကြည့်မလား "
ဝန်ထမ်းမလေးအညွှန်းကြောင့် ခေါင်းသာညိမ့်ပြ၍ အမြဲတမ်း လက်ဝတ်ရတနာဝတ်ရင် ဒီဆိုင်ကိုသာ လာဝယ်နေကြဖြစ်သော်လည်း အရင်ကတော့ ဘာမှမရွေးတတ်သူက အခုတော့ ဘာကိုမှစိတ်တိုင်းမကျဖြစ်နေသည်။ အိတ်ကပ်ထဲက မြည်နေသော ဖုန်းသံကြောင့် ကြည့်မိရာ ချစ်ရသော နာမည်ကြောင့် ကောက်ကိုင်လိုက်မိသည်။
" jungkook... ဘယ်မှာလဲ "
"ကိုယ်လား...ဟို... အလုပ်ကိစ္စပေါ်လာလို့ နယ်ဘက်ခဏဆင်းသွားတယ် hyung "
တဖက်မှ jimin သက်ပြင်းချလိုက်သော အသံကြောင့် jungkook မှာ အခုချက်ချက်း အိမ်သို့ပြေးလိုက်သွားချင်သော်လည်း မနက်ဖြန် သမီးမွေးနေ့အပြင် ဘဝတစ်လျှောက်အတူတူဖြတ်သန်းဖို့ကိစ္စကလည်း အရေးကြီးနေသည်မို့ စိတ်ထိန်းထားရပြန်သည်။
YOU ARE READING
U Have My Baby
Fanfictionမင်းမှာ ကိုယ့်ကလေးရှိတယ်.... JIKOOK FanFiction font - Unicode and Zawgyi