အပိုင်း(၁၇)

5.4K 594 173
                                    

Zawgyi

ကား​ပေါ်မှာတည်းက jungkook ပုံစံသည် တစ်ခုခုဆိုရန် ပြင်​နေ​သော​​​ကြောင့် jimin မှာမေးချင်စိတ်ရှိ​သော်လည်း မ​မေးဖြစ်။ jimin သည် အိမ်တံခါးအားဖွင့်​နေ​သော jungkook ကို​ဘေးက​နေကြည့်​နေမိပြီး password ရိုက်​နေတဲ့လက်​တွေကမတည်မငြိမ်​ကြောင့် ​မေးလိုက်သည်။

" jungkook ... password ​ရောမှတ်မိရဲ့လား"

"ကိုယ်မှတ်မိပါတယ်..."

မှတ်မိ​​ကြောင်းကိုထင်ရှားစွာ​ပြောလိုက်​ပေမဲ့ ​ခေါင်းထဲမှာ လက်ထပ်ဖို့ကိစ္စကကြီးဆိုး​နေတာမို့ အိမ် password ကရုတ်တရပ်​မေ့သွားခဲ့သည်။ စက္ကန့်ပိုင်းကြာ​တော့မှပွင့်သွား​သော အိမ်တံခါးမကြီးအား ရိုက်ချိုးချင်စိတ်​ပေါက်​နေမိသည်။ အ​ရှေ့က​နေဝင်သွား​သော jungkook ​နောက်သို့ jimin စိတ်ထဲတွင်အလိုမကျဟန်ဖြစ်​လျက်။ဒီ​ကောင်​လေး ဘာ​တွေ​​တွေး​နေလဲဆိုတာသိချင်မိသည်။

ရုတ်တရပ် ရပ်လိုက်​သော jungkook ​ခြေလှမ်း​တွေကြောင့်  jimin သည်​ယောင်ရမ်းစွာရပ်မိလိုက်သည်။

" အ​မေ..."

jimin သည် jungkook ပါးစပ်မှအ​မေ ဆို​သော စကားလုံး​ကြောင့် အ​နောက်​ကနေ မဝံ့တရဲလှမ်းကြည့်လိုက်​တော့ ဧည့်ခန်းထိုင်​နေ​သောအမျိုးသမီး​မှာ jungkook ငယ်ရွယ်​နုပျိုလျက်ရှိကာ တစ်သက်မှာ ကိုယ်ကအ​မေဆိုစည့်သူကိုမ​တွေ့ဖူး​တော့  jungkook အ​မေကိုကြည့်ပြီး ငါ့​အ​မေလည်းဒီလိုပဲ​နေမှာ​တွေးမိသည်။ jungkook သည်လည်း သူ့ကိုတချက်လှည့်ကြည့်​တော့  jumi ကိုတင်းကြပ်စွာ​ပွေ့လိုက်မိ​သောကြောင့် က​လေးကနာကျင်သွားသည်ထင်ပါတယ် ငိုသံ​​သေး​​သေး​လေးထွက်​ပေါ်လာ​တော့သည်​လေ။

jungkook လည်း စိုးရိမ်ပူပန်စွာဖြင့် jimin လက်ထဲက jumi ကို​​ပွေ့လိုက်ကာ​ကျောပြင်​လေးကိုပုတ်ကာဖြင့်​ချော့​တော့သည်​လေ။ကိုယ်ကြောင့် နာကျင်သွား​သော သမီးကိုကြည့်ပြီးစိတ်မ​ကောင်း။ အ​မေဖြစ်သူကလည်း အခုမှအာရုံရသွား၍ သူတို့နှစ်​ယောက်အားစိုက်ကြည့်​နေ​သော​ကြောင့် jimin လန့်မိသွားသည်။

"အ​မေ...ဘယ်တုန်းကပြန်​ရောက်တာလဲ"

" ငါပြန်​​ရောက်တာ အထူးအဆန်း​မေးလို့... "

U Have My BabyWhere stories live. Discover now