ဇာတ်သိမ်းပိုင်း

6K 387 55
                                    

Zawgyi

ည​နေသာ ​စောင်းသွားပြီး ညပိုင်းအချိန်သို့ ​ရောက်လာ​သော်လည်း အ​ကြောင်းတစ်စုံတစ်ရာထူးခြားလာခြင်းမရှိ​သော​ကြောင့် jungkook သည်အခုထိ ရဲစခန်းက​နေမပြန်ရ​သေးပင်။ yoongi နှင့် jin တို့သည်လည်း jungkook ၏ငူငူငိုင်ငိုင်​တွေဖြစ်​နေခြင်း​ကြောင့် အ​နောက်က​နေ လိုအပ်​တွေကိုလိုက်လုပ်​ပေး​နေသည်​လေ။

သမီး နှင့် အ​မေကလည်း အိမ်ကိုပြန်လိုက်ဖို့​ပြော​​ပေမယ့် သမီး​လေးသည် သူ့ကိုသာ ကပ်​နေတာ​ကြောင့် အခုထိအိမ်မပြန်ရ​သေးပါ။သမီးက ရင်ခွင်ထဲမှာထူးဆန်းဆန်းအရာ​တွေကိုမျက်လုံး ​သေး​သေး​လေး​တွေက လိုက်လံ စူးစမ်း​​နေပြီး တစ်ခါတ​လေ ပါးစပ်​သေး​သေး​လေးမှာ pa...ဆိုတဲ့ နာမည်​ခေါ်ရင် ကိုယ့်ရင်ထဲမှာ ဗ​​​လောင်ဆူပွက်​နေသည်​လေ။

နာရီအချိန်​တွေမြန်လာ​လေ စိုးရိပ်စိတ်ရဲ့အစွန်းတစ်ဖက်က ​​ချောက်နက်ထဲသို့ကျ​တော့မည်လား ဆိုသည့်အ​တွေးက နှိပ်စက်လွန်း​နေသည်​လေ။ hyung ကို အခုလို ခိုးယူသွားတာမျိုးကို သူလက်မခံနိုင်ပါ။ဒီအ​ခြေအ​နေမှာ ဘယ်သူ့ကိုမှ အပြစ်တင်ချင်စိတ်လည်းမရှိ​တော့ပါ....

သူအသုံးမကျခဲ့လို အခုလိုမျိုးဖြစ်ရတာ​​​လေ မဟုတ်လား...။ဘောင်းဘီ အိတ်ကပ်ထဲက ဘူး​လေးကိုထုတ်ကြည့်လိုက်ရာ ​ပြောင်​ပြောင်ဝန်းဝန်း ​ရွှေ​ရောင်လက်စွပ်​လေးက ပိုင်ရှင်ရဲ့လက်​ချောင်း​တွေစီကို မရာက်ခဲ့။ hyung အဆင်​ပြေရဲ့လား...ဆိုသည့် စိတ်နဲ့ သူ့ဘယ်လို​ရှေ့ဆက်နိုင်မှာလဲ.... လက်ထဲက သမီးကို​ပွေ့ဖက်လိုက်ရင်း ကျဆင်းတော့မည့် မျက်ရည်​တွေအား ထိန်းကာ သမီးရဲ့​ခေါင်းကိုအနမ်း​​ပေးလိုက်​သည်။

"သား.... တစ်ခုခု သွားစားပါလား...."

အနားသို့​ရောက်လာ​သော အ​မေ့ကိုကြည့်ပြီး ​ခေါင်းခါပြလိုက်မိတယ်။ mrs.jeon သည် ပြိုလဲ​​တော့မည့် jungkook ကိုကြည့်ပြီး ​သက်ပြင်းသာချလိုက်ရသည်။ဒီက​လေးနဲ့ ခက်​တော့တာပါပဲ....။ jungkook ပခုံးထက်မှာ အိပ်​ပျော်သွား​သော ​မြေးအားကြည့်ရင်း သူမကိုယ်တိုင်လည်း စိတ်ပူ​နေတာပင်။မိသားစု တစ်ခုဖြစ်ခါနီးမှာ ဘယ်လိုအ​နှောင့်အယှက်​တွေက ဝင်လာပြန်ရတာလဲဆိုတာ သူမ မသိ​ပေမဲ့ ကံကိုသာ အပြစ်တင်မိသည်။

U Have My BabyWhere stories live. Discover now