Pt-1

4.6K 64 18
                                    

"မင်္ဂလာပါ Mae..."

"Aww...သားကြီး...သားငယ်​​လေးကို
လာ​ခေါ်တာလား"

"ဟုတ်​ကဲ့Mae...Baby​လေး​ရော..."

"မင်းရဲ့Baby​လေးက အခုထိဆင်းမလာ​သေးဘူး"

"ဒါဆို ကျွန်​​တော်​ သွားလိုက်​ပါဦးမယ်​"

"​အေး​အေး..."

သူလည်း Maeကိုနှုတ်​ဆက်​ကာ အ​ပေါ်ထပ်​က
Baby​လေးအခန်းရှိရာသို့ တက်​လာလိုက်​သည်​။

ဒေါက်​...​ဒေါက်​...​ဒေါက်​...

"Baby​လေး...နိုးပြီလား"

"ဟုတ်​ နိုးပြီ။ ကိုကို..."

"ဒါဆို ကိုကိုဝင်​လာခဲ့မယ်​​နော်​"

"ဟုတ်​ကဲ့"

အခန်းထဲကို ခွင့်​​တောင်းပြီးမှ ဝင်​တတ်​တာ
Baby​လေးအိမ်​ကို ပထမဆုံးလိုက်​သည့်
အချိန်​တည်းကပင်​...။ ဘယ်​လိုပဲ
ချစ်​သူရည်းစားဖြစ်​​နေပါ​စေ ထိုအချက်​ကို​တော့
သူအမြဲဆင်​ခြင်​သည်​။ Baby​လေးကို
တရားဝင်​မပိုင်​ဆိုင်​ရ​သေးတာမို့
မရိုးသား​သောစိတ်​ရိုင်း​တွေ အဝင်​မခံနိုင်​...။
ဘာစိတ်​မှမရှိပါဘူး လို့​တော့ မညာချင်​...။
သူသည်​လည်း ​ယောက်ျားတစ်​​ယောက်​မို့
ပိုင်​ဆိုင်​ချင်​စိတ်​​တော့ ရှိသည်​။ ဒါ​ပေမယ့်
တတ်​နိုင်​သ​လောက်​ ​စောင့်​ထိန်းသည်​။

အခန်းထဲ​ရောက်​​တော့ Baby​လေးက အင်္ကျီပင်
ဝတ်​ပြီး​နေပြီ။ လည်​ပင်းက ​ရွှေကြယ်​သီးကို
မှန်​ထဲကတစ်​ဆင့်​ တပ်​​နေတာမို့ Baby​လေးကို
သူ့ဘက်​လှည့်​ကာ တင်​​ပေးလိုက်​သည်​။
ထို့​နောက်​ ဆံပင်​အကုန်​သပ်​တင်​ထားလို့
ရှင်းလင်း​နေ​သော နဖူး​လေးအား အနမ်း​ခြွေကာ
ခန​လောက်​ ဖက်​ထားလိုက်​သည်​။

Gulfလည်း ကိုကို့ကိုပြန်​ဖက်​ကာ ရင်​ခွင်​ထဲမှာ
ခန​နေလိုက်​သည်​။ ချစ်​ရသူရဲ့အနမ်းက
သူ့အတွက်​​တော့ အား​ဆေးတစ်​ခွက်​ပင်​...။
တ​နေ့တာ ပင်​ပန်းရမည့်​အရာ​တွေကို
ကိုကို့အနမ်းတစ်​ပွင့်​နဲ့ အားတင်းမည်​။
ကိုကို့ရင်​ခွင်​ကျယ်​ကြီးထဲမှာ ခိုလှုံကာ
ကိုကို့ကိုယ်​သင်းနံ့ကို တဝရှူလိုက်​သည်​။
ပြီး​တော့မှ ရင်​ခွင်​ထဲကထွက်​ကာ...

My Baby DoctorWhere stories live. Discover now