သူတို့ Englandရောက်နေတာ (2)လကျော်ပြီ။
Babyလေး စာမေးပွဲဖြေမယ့်ရက်တောင်
ရောက်လာလေပြီ။ မနက်ကတည်းက
စိတ်လှုပ်ရှားနေတဲ့ကလေးအား
Condoကထွက်ကတည်းက
သေသေချာချာမှာနေရသည်။"Babyလေး...အရမ်းကြီးStressမထားနဲ့နော်။
ကိုကိုပြောတာ မှတ်ထားနော်။
Ph.Dမဟုတ်လည်း ကိုကို့အတွက်
ဘာမှမပြောင်းလဲဘူး။ ဘယ်လိုပဲဖြစ်ဖြစ်
Babyလေးက Babyလေးပဲ။ ဟုတ်ပြီလား"သူ့Babyလေးကို ယုံကြည်ပေမယ့်
ဒါဖြစ်ရမယ်လို့ တထစ်ချတွေးပြီး
အရမ်းဖိအားပေးနေမှာစိုးသောကြောင့်
မှာနေရခြင်းပင်...။ Ph.Dဖြစ်ဖြစ်၊မဖြစ်ဖြစ်
သူ့အတွက်ကတော့ ထူးထူးခြားခြား
ပြောင်းလဲသွားမှာမဟုတ်ပေ...။
ဘယ်လိုအခြေအနေမှာမဆို
Babyလေးက Babyလေးသာလျှင်...။"ဟုတ်ကဲ့ပါ။ ကိုကိုရယ်..."
"ဟုတ်ပြီ။ ဒါဆို စာမေးပွဲပြီးရင်
ဖုန်းလှမ်းဆက်လိုက်။ ကိုကိုလာကြိုမယ်""ဟုတ်...Bye byeကိုကို..."
"Bye byeကိုကို့အသဲလေး...မွ😘"
Babyလေး ဝင်သွားတော့မှ Mewလည်း
ကားပြန်ကွေ့ကာ Condoကိုပြန်လာသည်။
စာမေးပွဲက (3)နာရီလောက်ကြာမှာမို့
စားသောက်ဆိုင်မှာ ထိုင်နေတာထက်
Condoပြန်ပြီး အလုပ်,လုပ်နေလိုက်တာကမှ
Babyလေးအတွက်ရော၊ သူ့အတွက်ပါ
အကျိုးရှိစေသည်။Condoပြန်ရောက်တာနဲ့ ပေါ့ပေါ့ပါးပါးလေးပဲ
လဲဝတ်လိုက်ကာ Laptopဖွင့်လိုက်သည်။
ဒီနေ့က MildဆီမှMailရောက်နေတာမို့
စစ်နေတုန်း...တီ...တီ...တီ...
"Hello..."
Laptopကြည့်နေရင်း ဖုန်းဝင်လာတာမို့်
Screenမကြည့်မိဘဲ ဖုန်းကိုင်လိုက်သည်။
တဖက်ကအသံကြောင့် မျက်မှောင်ပင်
ကြုတ်လိုက်မိသည်။"Hello...P'Mew...ကျွန်တော်Fiatပါ"
"မင်းက ဘယ်လိုကြောင့် ငါ့ကိုဖုန်းဆက်တာလဲ"
YOU ARE READING
My Baby Doctor
FanfictionCompanyပိုင်ရှင်CEOနဲ့ Doctorလေးတို့ကြားက Romanticဆန်ဆန် love storyလေး... ဒီficလေးက အေးအေးငြိမ့်ငြိမ့်လေးပဲ သွားမှာမို့ မုန်တိုင်းတော့ မပါ,ပါဘူး။ အချိုကြိုက်သူများအတွက် သီးသန့်ပါနော်။ ဆီးချိုကျဆေး ကြိုဆောင်ထားကြပါ။ ❌No Drama❌...