Hotelကနေ ကားမောင်းလာပြီး
ဂိုဏ်းကိုရောက်တာနဲ့ ကားကိုရပ်ကာ
ကိုကို့ကိုခေါ်ပြီး ဝင်လာလိုက်သည်။
သူတို့ဝင်သွားတာနဲ့ Boatက..."ဂိုဏ်းချုပ်...ဟိုကောင်သောင်းကျန်းနေတယ်"
"သောင်းကျန်းပါစေ။ သူဘယ်လောက်ကြာကြာ
သောင်းကျန်းနိုင်မှာမို့လို့လဲ"ထို့နောက် အပေါ်ထပ်တက်ကာ
အဝတ်အစားလဲလိုက်သည်။
မင်္ဂလာဝတ်စုံမှာ သွေးစွန်းလို့ဘယ်ဖြစ်မလဲ။
အဖြူရောင်ဝတ်စုံကိုချွတ်ကာ
အနက်ရောင်လဲလိုက်သည်။ ကိုကို့ကိုတော့
မလဲခိုင်းတော့ပေ...။ ဟိုကောင့်ကိုထိမှာ
သူပဲမို့ ကိုကိုကလဲစရာမှမလိုဘဲ...။ဝတ်စုံလဲပြီးတာနဲ့ ပြန်ဆင်းလာကာ
မြေအောက်ခန်းကိုသွားလိုက်သည်။
တံခါးဖွင့်ကာ ဝင်သွားလိုက်တော့
Fiatကိုကြိုးတုပ်ထားပြီး ပါးစပ်ထဲမှာလည်း
အဝတ်စထည့်ထားသည်။"အရမ်းအော်နေလို့ ပိတ်ထားတာပါ"
သူက နားညီးရင်မကြိုက်မှန်းသိနေတာမို့
သူ့တပည့်တွေက စီစဉ်ထားသည့်ပုံပင်...။
ကိုကိုပါလာမှန်းသိတော့ ပြောစရာမလိုအောင်
ထိုင်ခုံစီစဉ်ပေးသည်။"ကိုကို...ခနထိုင်နေဦးနော်"
"အင်း...Babyလေး..."
Mewလည်းထိုင်ခုံမှာထိုင်ကာ နောက်မှီပေါ်
ခေါင်းတင်ထားလိုက်သည်။ သူမေ့အောင်
ဘာဆေးတွေသုံးလိုက်လဲမသိပေမယ့်
သတိရလာတဲ့တလျှောက်လုံး
ခေါင်းလုံးဝမကြည်ပေ...။ မူးနောက်နောက်နဲ့
လူတွေဆိုလည်း နှစ်ယောက်ဖြစ်နေသည်။
တော်သေးတာက Babyလေးတိုက်တဲ့ဆေးက
ချက်ချင်းအာနိသင်ပြလို့ Weddingကို
ကောင်းကောင်းမွန်မွန် အဆုံးသတ်နိုင်ခဲ့ခြင်းပင်...။Gulf ကိုကို့ကိုလှည့်ကြည့်လိုက်တော့
ထိုင်ခုံနောက်မှီမှာမှီကာ မျက်စိမှိတ်ထားသည်။
ဟိုကောင့်ဆေးက တော်တော်ပြင်းပုံပင်...။
သူပေးလိုက်တဲ့ဆေးကြောင့်သာ
ကိုကိုတစ်ယောက် Weddingတစ်လျှောက်
တောင့်ခံနိုင်ခဲ့ခြင်းဖြစ်သည်။ အခုကျမှ
စိတ်ချလက်ချနေနိုင်ပုံပင်...။
YOU ARE READING
My Baby Doctor
FanfictionCompanyပိုင်ရှင်CEOနဲ့ Doctorလေးတို့ကြားက Romanticဆန်ဆန် love storyလေး... ဒီficလေးက အေးအေးငြိမ့်ငြိမ့်လေးပဲ သွားမှာမို့ မုန်တိုင်းတော့ မပါ,ပါဘူး။ အချိုကြိုက်သူများအတွက် သီးသန့်ပါနော်။ ဆီးချိုကျဆေး ကြိုဆောင်ထားကြပါ။ ❌No Drama❌...