ဒီနေ့ဆို Gulfစာမေးပွဲပြီးတော့မည်။
နောက်ဆုံးဘာသာလည်းဖြစ်၊
အရေးကြီးတဲ့ဘာသာလည်းဖြစ်တာမို့
ပိုဂရုစိုက်ရသည်။ ကိုကိုဆိုရင်လည်း
သူစာကျက်နေတဲ့တစ်လျှောက် ဘေးနားကနေ
ဂရုတစိုက်ရှိပေးသည်။ Uniစာမေးပွဲလောက်
စိတ်မလှုပ်ရှားတာက ဘေးနားမှာ
ကိုကိုရှိနေတာကြောင့်ဖြစ်မည်။"Babyလေး...အဆင်သင့်ဖြစ်ပြီလား"
"ဟုတ်ကဲ့။ ပြီးပြီကိုကို..."
"သွားကြမယ်"
Babyလေးကိုလက်ဆွဲကာ ဆင်းလာသည်။
ကားပါကင်ရောက်တာနဲ့ ကားတံခါးဖွင့်ပေးကာ
ဝင်ထိုင်စေပြီး သူကိုယ်တိုင်လည်း
ကားထဲဝင်ကာ စက်မနှိုးခင်..."Babyလေး...မှာနေကျအတိုင်း ထပ်မှာမယ်။
အရမ်းStressမထားနဲ့။ မစဉ်းစားနိုင်တော့ရင်
အရမ်းမစဉ်းစားနဲ့။ မှတ်မိတာတွေကိုပဲဖြေခဲ့"မှာသာမှာရတာ။ သူ့Babyလေးဉာဏ်ကောင်းတာ
သူအသိဆုံး...။ ဉာဏ်ကောင်းတယ်ဆိုတိုင်း
အကုန်လုံးမှန်ရမယ်လို့ စိတ်ထဲစွဲမနေအောင်
သတိပေးခြင်းပင်...။"ဟုတ်ကဲ့ပါ။ ကိုကိုရယ်...သွားရအောင်"
ထိုအခါမှ ကားစက်နှိုးကာ ထွက်လာလိုက်သည်။
ကျောင်းရှေ့ရောက်တာနဲ့...
"Babyလေး...ကိုကို ကျောင်းရှေ့မှာပဲ
စောင့်နေမယ်""နေပူတယ်နော်"
"မပူပါဘူးကွာ။ ကားထဲမှာနေမှာပဲကို..."
"ဟုတ်ကဲ့။ ဒါဆို ကျွန်တော်ဖြေပြီးတာနဲ့
Answer paperအပ်ပြီး ထွက်ခဲ့မယ်""အရမ်းမလောနဲ့နော်။ ဖြည်းဖြည်းချင်းဖြေ...
သေချာပြန်စစ်ဦး။ မရတာတွေအတွက်
အချိန်ကုန်မခံဘဲ ရနေတဲ့ဟာတွေကို
မမှားအောင်စစ်...""ဟုတ်ကဲ့"
သူနဲ့နယ်ပယ်မတူပေမယ့် ကိုကိုက
Ph.Dဖြေဖူးပြီးသားမို့ သူ့ထက်ပိုပြီး
အတွေ့အကြုံရှိသည်။ ထို့ကြောင့်
ကိုကိုမှာသမျှကို သေသေချာချာမှတ်ထားသည်။

YOU ARE READING
My Baby Doctor
FanfictionCompanyပိုင်ရှင်CEOနဲ့ Doctorလေးတို့ကြားက Romanticဆန်ဆန် love storyလေး... ဒီficလေးက အေးအေးငြိမ့်ငြိမ့်လေးပဲ သွားမှာမို့ မုန်တိုင်းတော့ မပါ,ပါဘူး။ အချိုကြိုက်သူများအတွက် သီးသန့်ပါနော်။ ဆီးချိုကျဆေး ကြိုဆောင်ထားကြပါ။ ❌No Drama❌...