"အင်းးးးး"
Gulfနိုးလာတာနဲ့ အရင်လိုမနွေးတာကြောင့်
ဘေးကိုစမ်းကြည့်တော့ အေးစက်နေသည်။
မျက်လုံးဖွင့်ကြည့်လိုက်တော့ ကိုကို့ကိုမတွေ့...။
ဘယ်သွားတာပါလိမ့်!ကိုကိုကတော့လေ...
သူမနိုးခင် ဘယ်မှမသွားပါနဲ့ဆိုတာကို...
ကြည့်နေ...ပြန်လာမှ စိတ်ကောက်ပစ်မယ်။Gulfတစ်ယောက် နှုတ်ခမ်းဆူကာ
စိတ်ကောင်နေရင် ရေချိုးခန်းထဲမှ
Mewထွက်လာသည်။ ကုတင်ပေါ်က
သူ့Babyလေးအား ခေါ်ဖို့ပြင်ပေမယ့်
မျက်မှောင်ကြုတ်နေတဲ့ကလေးကြောင့်
အနားသွားကာ..."Babyလေး...ဘာတွေအလိုမကျဖြစ်နေလဲ"
သူ့အသံကြားတော့ ဆတ်ခနဲမော့လာကာ...
"ကိုကို...ဘယ်သွားနေတာလဲ"
"ရေသွားချိုးနေတာလေ။ Babyလေးရဲ့..."
"ဒီလောက်အေးနေတာကို အစောကြီးထပြီး
ရေချိုးတယ်ဆိုတော့ ရိုးရောရိုးရဲ့လား""ဘာကိုလဲ။ Babyလေးရဲ့..."
"မပြောတတ်ဘူးလေ။ ကိုကိုက
အစောကြီးရေချိုးနေတာကိုး...""ကိုကိုနိုးလာတော့ နုံးစိစိနဲ့မို့ပါကွာ"
"ကျွန်တော့်ကို ဘာလို့မနှိုးတာလဲ"
Mewသဘောကျသလို ပြုံးလိုက်မိသည်။
ဒီကလေး သူနိုးတဲ့အချိန်မရှိလို့
သက်သက်မဲ့ရစ်နေတာ...။Mewလည်း ကုတင်ပေါ်တက်ကာ
ရစ်စိန်လေးအားဖက်လိုက်တော့
ရုန်းလာသည်။ အတင်းဖက်လိုက်တော့
သူ့လက်ကောက်ဝတ်ကို ကိုက်လာသည်။
အားလားလား...နာလိုက်တာဆိုတာလေ...
တကယ့်ခွေးပေါက်လေးအတိုင်းပဲ။
ခနကြာတော့မှ လွှတ်ပေးလာပြီး..."နာသွားလား"
"မေးတတ်ပါ့ဗျာ။ နာတာပေါ့ကွာ။
သွေးခြေတောင်ဥနေပြီ"ကိုကို့လက်ကိုကြည့်လိုက်တော့
တကယ်ကို သွေးခြေဥနေလေသည်။
အားနဲ့ကိုက်တာမဟုတ်ပေမယ့်
သွားစွယ်တွေကြောင့် ပိုနာမည်ထင်...။
YOU ARE READING
My Baby Doctor
FanficCompanyပိုင်ရှင်CEOနဲ့ Doctorလေးတို့ကြားက Romanticဆန်ဆန် love storyလေး... ဒီficလေးက အေးအေးငြိမ့်ငြိမ့်လေးပဲ သွားမှာမို့ မုန်တိုင်းတော့ မပါ,ပါဘူး။ အချိုကြိုက်သူများအတွက် သီးသန့်ပါနော်။ ဆီးချိုကျဆေး ကြိုဆောင်ထားကြပါ။ ❌No Drama❌...