Pt-18

501 22 1
                                    

Maldivesမှာ တစ်​ပတ်​​လောက်​​နေပြီ​တော့
Bangkokကိုပြန်​လာကြသည်​။
ပြန်​​ရောက်​တာနဲ့ သူတို့ပစ္စည်း​တွေကို
Mommyတို့လက်​ဖွဲ့ထားတဲ့အိမ်​ကို
ရွှေ့ရသည်​။ Condoရှိ​ပေမယ့်
ကျယ်​ကျယ်​ဝန်းဝန်း​နေ​စေချင်​တယ်​ဆို​သော
Maeတို့​ကြောင့်​ ငြင်းမ​နေ​တော့ဘဲ
ပြောင်းလိုက်​ကြသည်​။

တကယ်​​တော့ Mae​ပြောတာလည်းမမှား...။
Baby​လေးအတွက်​ ချစ်​သက်​လက်​​ဆောင်​ဆိုပြီး
ကြောင်​​လေးတစ်​​ကောင်​ ဝယ်​​ပေးထားသည်​။
သူ့က​လေး​လေးက ​ကြောင်​ချစ်​တယ်​​လေ။
သူက ​ကြောင်​​မွှေး​တွေနဲ့မတည့်​တာမို့
ချစ်​​ပေမယ့်​မ​မွေးဖြစ်​​ပေ...။ ​ကြောင်​အစား
ခွေး​လေးတစ်​​ကောင်​​တော့ ​မွေးထားသည်​။
သူတို့နှစ်​​ယောက်​အတွက်​ Condoကကျယ်​​ပေမယ့်
ကြောင်​တစ်​​ကောင်​နဲ့ ​ခွေး​တစ်​​ကောင်​ပါ
အတူပါလာသည်​မို့ ခြံဝန်းနဲ့သာ
အဆင်​​ပြေလိမ့်​မည်​။

Baby​လေးနဲ့သူ အလုပ်​သွားချိန်​ဆို
Chopperတို့နှစ်​​ကောင်​က အိမ်​​စောင့်​သည်​။
အိမ်​​စောင့်​တယ်​ဆိုလို့ အတင်​မကြီးလိုက်​နဲ့။
အလုပ်​ကပြန်​​ရောက်​တာနဲ့ ​ဆော့ထားသမျှကို
တိုင်​ကန်​ရှင်းရသည်​။ သူ့အလုပ်​က
သိပ်​မပင်​ပန်း​ပေမယ့်​ Baby​လေးကကျ
တ​နေကုန်​လှုပ်​ရှား​နေရတာ။ ဒီကြားထဲ
လူနာ​တွေများတဲ့ရက်​ဆို ကား​ပေါ်မှာ​တောင်
အိပ်​​ပျော်​တတ်​သည်​။ ထိုအချိန်​မျိုးမှာဆို
Baby​လေးကို အိပ်​ခန်းထဲပို့ကာ
သူက​တော့ ရှင်းလင်းရ​တော့​ပေါ့​လေ။

သူ ရှင်းလို့ပြီးတဲ့အချိန်​ Baby​လေးနိုးလာရင်
Sofaမှာထိုင်​ကာ ဟိုနှစ်​​ကောင်​ကိုဆူသည်​။

"Hazard...Chopper...ပါးပါးနဲ့Daddyက
အလုပ်မှာပင်​ပန်းလာတာ​လေ။
သားတို့နှစ်​​ကောင်​က အိမ်​ကိုဖွထား​တော့
အ​မောမ​ပြေဘူး​လေကွာ"

Baby​လေးဆူပြီဆိုရင်​ Chopperက
သူ့​ခြေ​ထောက်​နားကပ်​လာပြီး
Hazardက​တော့ Baby​လေးနား
ကပ်​​နေသည်​။ Hazardသူ့ဆီမကပ်​တာ
Baby​လေးသင်​​ပေးထားလို့...။
ဟိုတ​နေ့တုန်းက ​နေ့ခင်းဘက်​အိပ်​​နေရင်း
Hazardက သူ့​ပေါ်တက်​ကာ
ခွေ​ခွေ​လေးလာအိပ်​​နေသည်​။
သူလည်း Chopperထင်​ပြီး ပွတ်​သိပ်​​နေရင်း
အသက်​ရှူ​တွေကြပ်​လာပြီး
ဆေးရုံမတင်​ရတာကံ​ကောင်း...။
အဲ့​နေ့ကစပြီး Hazardကိုသင်​​ပေးထားသည်​။

My Baby DoctorWhere stories live. Discover now