Babyလေးလည်း Ph.Dယူပြီးပြီမို့
သူတို့ပြောထားတဲ့အတိုင်း လက်ထပ်ပွဲအတွက်
စီစဉ်ရတော့သည်။ Bangkokပြန်ရောက်တာနဲ့
Mommyတို့နဲ့တိုင်ပင်ကာ မင်္ဂလာရက်ရွေးပြီး
လိုအပ်တာမှန်သမျှ စီစဉ်ခိုင်းလိုက်သည်။
အခမ်းအနားအပြင်အဆင်၊
အဝတ်အစား၊ အစားအသောက်...
စသည်များကို စနစ်တကျစီစဉ်သည်။'ယောက်ျားလေးနှစ်ယောက်ရဲ့Weddingမို့
ကြီးကြီးကျယ်ကျယ် လုပ်စရာမလိုပါဘူး'
ဆိုတဲ့လူတွေရဲ့ပါးစပ်ကို ပိတ်သွားအောင်
Bangkokမှာ အကြီးကျယ်ဆုံး၊
အခမ်းနားဆုံး Weddingပွဲကို ကျင်းပမည်။
ဘယ်သူဘာပြောပြော ဒီWeddingက
Babyလေးအပေါ်ထားတဲ့ သူ့ရဲ့တန်ဖိုးထားမှုကို
အများသိစေချင်လို့ပင်...။ယောက်ျားလေးနှစ်ယောက်ဆိုတာလည်း
လူထဲကလူပဲမလား...။ မိန်းကလေးတွေလိုပဲ...
တစ်သက်မှာ တစ်ခါသာဆောင်ခွင့်ရသော
မင်္ဂလာပွဲကို အကျဉ်းရုန်းတော့မလုပ်ချင်...။
သူBabyလေးကိုလက်ထပ်တာဟာ
ပိုင်ဆိုင်လိုမှု တစ်ခုတည်းကြောင့်မဟုတ်...။
Babyလေးနဲ့ အခုလက်ရှိဆက်ဆံရေးကို
တစ်ဆင့်တက်သွားစေပြီး အရင်ကထက်
ပိုပြီးတန်ဖိုးထားချင်လို့ပင်...။ဒီအတိုင်းပဲရော တန်ဖိုးထားလို့မရဘူးလား...
ရတာပေါ့...ဒါပေမယ့် သူ့အတွက်တော့
မလုံလောက်ခဲ့ဘူးလေ...။ လက်မထပ်ဘဲ
ချစ်သူဘဝနဲ့ အကြာကြီးနေလိုက်ရင်
မမြင်နိုင်တဲ့အနှောင့်အယှက်တွေဆိုတာ
တစ်နေ့ပေါ်လာမှာ...။ သူ့တို့နှစ်ယောက်ရဲ့
ဆက်ဆံရေးကို ဘယ်လိုအခက်အခဲ၊
အနှောင့်အယှက်မှ လာမထိခိုက်လေအောင်
တစ်ဆင့်တက်ပြီး တံတိုင်းတစ်ခုကို
ထပ်မံတည်ဆောက်လိုက်ခြင်း...။"Mommy...Hotelကအဆင်ပြေရဲ့လား"
"အဆင်သင့်ပဲ။ သားကြီး..."
"ဟုတ်ကဲ့"
"ဖိတ်စာတွေရော ရပြီလား"
"အခုသွားယူမလို့Mommy..."
"သားငယ်လေးနဲ့လား"
"ဟုတ်..."
"အေးအေး...ဂရုစိုက်သွားဦး။
မင်္ဂလာပွဲနီးနေတော့ အစစအရာရာ
ဂရုစိုက်ရမယ်နော်"

YOU ARE READING
My Baby Doctor
FanficCompanyပိုင်ရှင်CEOနဲ့ Doctorလေးတို့ကြားက Romanticဆန်ဆန် love storyလေး... ဒီficလေးက အေးအေးငြိမ့်ငြိမ့်လေးပဲ သွားမှာမို့ မုန်တိုင်းတော့ မပါ,ပါဘူး။ အချိုကြိုက်သူများအတွက် သီးသန့်ပါနော်။ ဆီးချိုကျဆေး ကြိုဆောင်ထားကြပါ။ ❌No Drama❌...