"အဖွဲ့မှူး...မင်းက ဘယ်လိုအခွင့်အရေးနဲ့
ငါ့သမီးကို လက်ရွယ်ရဲတာလဲ"Bossပြောလာတဲ့စကားကြောင့်
သူ(မ)လန့်သွားသည်။ ဒီကလေးမလေးက
Bossရဲ့သမီးတဲ့လား။ Bossလက်ထပ်ထားတာ
အမျိုးသားတစ်ယောက်လေ။"သ...သမီး! Bossသမီးလား"
"ငါ့သမီးမဟုတ်လို့ ဘယ်သူ့သမီးဖြစ်ရမှာလဲ"
"ဒါပေမယ့် Bossလက်ထပ်ထားတာက..."
"မင်းနဲ့ဆိုင်လို့လား။ ငါလက်ထပ်ထားတာ
ယောက်ျားတစ်ယောက်ဟုတ်တယ်။
အဲ့ဒါနဲ့ပဲ ကလေးမရှိရတော့ဘူးလား""မဟုတ်ပါဘူး။ Bossသမီးမှန်းမသိလို့ပါ"
"ငါ့သမီးမဟုတ်ရင် ခုနကအတိုင်း
လုပ်ဦးမယ်ပေါ့လေ ဟုတ်လား။
အဖွဲ့မှူး...ငါ့Companyမှာ မင်းလိုမျိုး
အကျင့်ပျက်တဲ့သူတွေ ရှိမနေသင့်ဘူး""တောင်းပန်ပါတယ်Boss...အဲ့ကလေးလေးက
ကျွန်မကို ရိုင်းရိုင်းစိုင်းစိုင်းတွေပြောလို့
လက်ရွယ်မိသွားတာပါ""ဟုတ်လား။ သမီးလေး..."
Mew သမီးလေးကိုမေးလိုက်တော့
ချက်ချင်းခေါင်းခါကာ..."မဟုတ်ဘူးDaddy...Lilyပြောပြတာထက်
Daddyရုံးခန်းက CCTVသွားကြည့်တာက
ပိုမကောင်းဘူးလား"CCTV...ဟုတ်သားပဲ။ CCTVကိုမေ့နေတာ။
"ကောင်းပြီလေ။ CCTVသွားကြည့်လို့
ငါ့သမီးဘက်က မင်းပြောသလိုမျိုး
ရိုင်းရိုင်းစိုင်းစိုင်းတွေ မပြောခဲ့ဘူးဆိုရင်
ထွက်စာတင်ဖို့ပြင်ထား"ပြောပြီးတာနဲ့ သမီးလေးကိုလက်ဆွဲကာ
ရုံးခန်းထဲဝင်လာလိုက်သည်။
ထို့နောက် ထိုအခန်းထဲCCTVကိုဖွင့်ကာ
ကြည့်လိုက်သည်။ကော်ဖီဖျော်တဲ့အခန်းထဲကို
သမီးလေးဝင်လာသည်။ ရေခဲသေတ္တာထဲက
ရေခဲမုန့်လေးထုတ်ကာ ပြန်အလှည့်တွင်
အဖွဲ့မှူးနဲ့တွေ့သည်။ ထိုနေရာအရောက်
အသံဖမ်းစက်နဲ့ပါ ချိတ်လိုက်သည်။

YOU ARE READING
My Baby Doctor
FanfictionCompanyပိုင်ရှင်CEOနဲ့ Doctorလေးတို့ကြားက Romanticဆန်ဆန် love storyလေး... ဒီficလေးက အေးအေးငြိမ့်ငြိမ့်လေးပဲ သွားမှာမို့ မုန်တိုင်းတော့ မပါ,ပါဘူး။ အချိုကြိုက်သူများအတွက် သီးသန့်ပါနော်။ ဆီးချိုကျဆေး ကြိုဆောင်ထားကြပါ။ ❌No Drama❌...