Pt-3

965 31 35
                                    

"သားငယ်​...​ဆေးရုံမသွားဘူးလား"

အရင်​ကဒီလိုအချိန်​ဆို သားကြီး​​ရောက်​​နေပြီ။
ဒီ​နေ့မှမ​တွေ့ရ​သေးတာမို့ ​မေးလိုက်​​တော့...

"Krub...Mae...ဒီ​နေ့ Turboက
New Yorkကပြန်​လာ​တော့မှာ​လေ။
အဲ့ဒါသွားကြိုဖို့ ကိုကိုကနားခိုင်းထားတာ"

"Turbo​လေး​တောင်​ ပြန်​လာ​တော့မှာလား။
အချိန်​​တွေက မြန်​လိုက်​တာကွယ်​"

"ဟုတ်​တယ်​​နော်​။ ဘာလိုလိုနဲ့ (4)နှစ်​​တောင်
ကြာသွားပြီ"

သူနဲ့ကိုကို ချစ်​သူဖြစ်​တဲ့နှစ်​ကစပြီး Turboက
New Yorkမှာ ​ကျောင်းသွားတက်​​နေသည်​။
စေ့စပ်​ပွဲတုန်းက​တောင်​ ခနသာပြန်​လာပြီး
Examရှိလို့ဆိုကာ ပြန်​သွား​လေသည်​။
အခု​တော့ ဘွဲ့လည်းရပြီးပြီမို့
ပြန်​လာ​တော့မည်​။

"သား​ရော...Ph.Dဘယ်​​တော့ပြီးမှာလဲ"

Maeဘာလို့​မေးလဲ သူသ​ဘော​ပေါက်​ပါသည်​။
Ph.Dပြီး​တော့မှ လက်​ထပ်​မယ်​လို့
သူ​ပြောထားတာ​ကြောင့်​ပင်​...။
ကိုကိုနဲ့လက်​ထပ်​ချင်​ရင်​ ချက်​ချင်း​တောင်
လက်​ထပ်​လိုက်​လို့ရ​ပေမယ့်
ကိုကိုသည်​ Bachelor,Master,Ph.D...
(3)ခုလုံး ယူထားသူဖြစ်​သည်​။
ထိုနည်းတူစွာ ကိုကိုနဲ့လက်​ထပ်​မည့်
သူကိုယ်​တိုင်​သည်​လည်း ကိုကို့လိုမျိုး
(3)ခုလုံးယူချင်​မိသည်​။ ဒါ့​ကြောင့်​လည်း
ခန​စောင့်​ခိုင်းထားခြင်းပင်​...။

"မကြာ​တော့ပါဘူးMae...ဒီတစ်​​ခေါက်
Englandက Exam​ဖြေပြီးရင်​ ပြီးပါပြီ"

"ဟိုသွားရင်​ သားကြီးပါလိုက်​မှာမလား"

"​သေချာတာ​ပေါ့။ ​Maeသားကြီးက
သားမ​ခေါ်ရင်​​တောင်​ လိုက်​လာမှာ"

"ဒါက​တော့ကွယ်​...သားကိုချစ်​လို့​လေ"

"Maeက​တော့​နော်​...သူ့သားကြီးဘက်​ကပဲ"

"သားက​ရော မချစ်​လို့လား"

"မချစ်​ဘဲ​နေမလားဗျ။ ချစ်​တာ​ပေါ့"

ထိုအချိန်​...

တီ...တီ...တီ...

"သားကြီးလာပြီထင်​တယ်​"

My Baby DoctorWhere stories live. Discover now