Pt-22

585 19 0
                                    

မနက်​ခင်းအစမှာ ချစ်​ရသူရဲ့မျက်​နှာကို
ကြည့်​ပြီးနိုးထရတာ ​ကောင်းတဲ့အရာမလား။
ချစ်​သူရှိတဲ့သူတိုင်း သိရှိတဲ့အ​ကြောင်း​ပေါ့။
သူ့အတွက်​လည်း Baby​လေးမျက်​နှာကို
မျက်​လုံးဖွင့်​တာနဲ့ ​​တွေ့ရတာဟာ
ဘုရား​ပေးတဲ့ဆုလာဘ်​တစ်​ခုလိုပဲ။
ဘယ်​အချိန်​မြင်​ရမြင်​ရ ရိုးမသွားတဲ့ထဲ
Baby​လေးလည်းပါသည်​။

အိမ်​​ထောင်​သက်​တမ်း(5)နှစ်​အတွင်း
သူ့အ​ပေါ်​ရော၊ သမီး​လေးအ​ပေါ်​ရော
မပျက်​ကွက်​ခဲ့သူ​လေး...
ဝါသနာပါရာ ဆရာဝန်​အလုပ်​ကိုလည်း
ဆက်​လက်​လုပ်​ကိုင်​​နေသလို
လိုအပ်​လာရင်​ သူ့အလုပ်​ကို ဝိုင်းကူသလို
သမီး​​လေးနားမလည်​တဲ့စာ​တွေကိုလည်း
ဆရာတစ်​​ယောက်​လို ရှင်းပြတတ်​သည်​။

သမီး​လေး သိတတ်​စအရွယ်​တည်းက
ခေါင်း​တွေသွင်း​ပေးထားတဲ့အရာက
အားမငယ်​ဖို့နဲ့ အ​တွေး​တွေမဝင်​​စေဖို့ပင်​...။
မိဘမဲ့မဟုတ်​​သော်​လည်း
မိခင်​​မေတ္တာမ​ပေးနိုင်​တာမို့
စိတ်​မ​ကောင်း​တော့ ဖြစ်​မိသည်​။
ထို့်​ကြောင့်​ တခြားက​လေး​တွေက
မိခင်​​တွေအ​ကြောင်း​ပြောလာခဲ့ရင်
အားမငယ်​နိုင်​​စေရန်​ Baby​လေးကပဲ
အ​မေလို​ရော၊ အ​ဖေလို​ရော
နှစ်​​နေရာက တာဝန်​ယူ​ပေးထားသည်​။

သမီး​လေးကလည်း နားလည်​​နေတာမို့
မိခင်​နဲ့ပတ်​သက်​လာခဲ့ရင်
အားငယ်​စိတ်​မဝင်​​တော့ဘဲ
သူများ​တွေက မိခင်​အ​ကြောင်း​ပြောရင်
သူ(မ)က​တော့ Baby​လေးအ​ကြောင်းကို
ပြန်​​ပြောတတ်​သည်​။ သူ(မ)အတွက်
ပါးပါးကသာ မိခင်​ပါပဲတဲ့​လေ။
နားလည်​လွယ်​တဲ့က​လေး​လေးကို
သနားလည်းသနားသလို ပိုချစ်​မိသည်​။

အခုရှုပ်​မှ ​နောင်​ရှင်း ဆိုတဲ့အတိုင်း
သမီး​လေးရဲ့အဘိုးအဘွား​တွေသွားကာ
ဒီက​လေး​လေးကို သူတို့​မွေးစားလိုက်​​ကြောင်းနဲ့
က​လေးရဲ့မိခင်​ ဆုံးသွား​ကြောင်း
ပြောပြလိုက်​သည်​။ အဘိုးအဘွား​တွေက
အစတုန်းကေ​တာ့ အင်​တင်​တင်​လုပ်​​သေးသည်​။
သို့​ပေမယ့်​ ဘာကို​တွေးမိလဲမသိ
လက်​ခံ​ပေးသည်။ လက်​ခံ​ပေး​ကြောင်း
လက်​မှတ်​ထိုး​ပေးပြီး​တော့မှ
သူအပြတ်​​ပြောခဲ့သည်​။

My Baby DoctorWhere stories live. Discover now