Pt-7

625 28 10
                                    

တင်း​တောင်​!

Kaownah​ဆေးရုံသွားဖို့ ​ဆေးစာရွက်​​တွေ
ထည့်​​နေတုန်း ခြံ​ရှေ့ကbellသံ​ကြောင့်
ခနရပ်​ကာ ခြံတံခါးသွားဖွင့်​လိုက်​သည်​။
ထို့​နောက်​ ခြံ​ရှေ့မှာ​တွေ့လိုက်​ရတာက...

"Turbo..."

"Sawadii krub.P'Kaownah..."

"Wadii Nong...ကိစ္စရှိလို့လား"

"P'ကို ​ဆေးရုံလိုက်​ပို့မလို့​လေ"

"အားနာစရာ​တွေကွာ။ အလုပ်​ရှုပ်​ပါတယ်​"

"ကျွန်​​တော့်​မှာအလုပ်​မရှိပါဘူးဗျ။
P'က​ဆေးရုံကို Busစီးသွားတာမလား။
အချိန်​ကုန်​တယ်​။ အဲ့​တော့ ​ဒီ​နေ့ကစပြီး
ကျွန်​​တော်​ပဲလိုက်​ပို့မယ်​"

အမှန်​​တော့ Kaownahမှာ
ကိုယ်​ပိုင်​ကားမရှိတာ​တော့မဟုတ်​...။
မေ​မေတို့နဲ့ အိမ်​ခွဲ​နေကတည်းက
သူ့ကိုကားဝယ်​​ပေးထားကြသည်​။
သူကိုယ်​တိုင်​ကိုက ကား​မောင်းရမှာ
ပျင်း​သော​ကြောင့်​ပင်​...။

(A/N: ကျယ်​မ လိုက်​ပို့​ပေးမယ်​😆)

"မဟုတ်​..."

"ဟုတ်​လိုက်​ပါ။ သွား...ပစ္စည်း​တွေသွားယူ...
မနက်​စာကို ဆိုင်​တစ်​ဆိုင်​မှာဝင်​စားမယ်​"

"အင်း...အင်းပါ"

ပါးစပ်​ကလည်း​ပြော၊ အိမ်​ထဲလည်း
ပြန်​တွန်းပို့​နေ​သောTurbo​ကြောင့်
သူလည်း​ခေါင်းငြိမ့်​ကာ...

"အိမ်​ထဲဝင်​ဦး​လေ"

"ဟုတ်​..."

နှစ်​​ယောက်​လုံး အိမ်​ထဲဝင်​လာပြီး...

"ခနထိုင်​​နေဦး​နော်​"

"ဟုတ်​ကဲ့"

Kaownahလည်း အ​ပေါ်ထပ်​တက်​လာကာ
ခုနကထည့်​လက်​စစာရွက်​​တွေကို
သေချာပြန်​ထည့်​ကာ လွယ်အိပ်လွယ်ပြီး
Duty coatကိုလက်​မှာချိတ်​ကာ
ပြန်​ဆင်းလာလိုက်​သည်​။

Turboဖုန်းသုံး​နေရင်း ​လှေကားဘက်​မှ
အသံကြားတာမို့​ ​မော့ကြည့်​လိုက်​မိသည်​။
သူထိုင်​​နေတဲ့​နေရာက ​လှေကားနဲ့
မျက်​နှာချင်းဆိုင်​မို့ မျက်​စိ​ရှေ့ကမြင်​ကွင်းကို
သေ​သေချာချာမြင်​ရသည်​။

My Baby DoctorWhere stories live. Discover now