မနက်ရောက်တော့ ရေမိုးချိုးကာ
အလုပ်သွားဖို့ပြင်ရသည်။ ကိုကိုနဲ့သူက
Body structureချင်း သိပ်မကွာတာမို့
အဝတ်အစားအတွက် စိတ်ပူစရာမလိုပေ...။
ကိုကို့အတွက် အနည်းငယ်သေးနေသော
အင်္ကျီတွေသည် သူ့အတွက်တော့
တိုင်းဝယ်ထားသလို fitted-size...
Duty coatအတွက်လည်း အေးဆေးပင်...။
တစ်ခါတစ်ရံ ကိုကိုနဲ့လာနေတတ်တာမို့
သူ့Duty coatတွေသည် အိမ်မှာသာမက
ဒီမှာလည်းရှိသည်။ပြင်ဆင်ပြီးနောက် အောက်ထပ်ဆင်းလာတော့
CEOကိုကိုက မနက်စာပြင်နေသည်။
ဟင်းချက်တတ်တဲ့ကောင်လေးကို
ရထားတော့လည်း သိပ်ကံကောင်းတာပဲ။"Morning...ကိုကို..."
မနက်စာပြင်နေသော ကိုကို့ကျောပြင်ကိုဖက်ကာ
ပြောလိုက်တော့ သူ့ဘက်ခေါင်းစောင်းကာ
နဖူးကိုနမ်းလာပြီး..."Morning...Babyလေး...အိပ်ရေးဝရဲ့လား"
"ဟုတ်ကဲ့။ ဘာတွေလုပ်နေတာလဲ"
"Babyလေးနိုးလာရင်စားဖို့ ထမင်းကြော်နေတာ"
"မွှေးနေတာပဲ"
"ထိုင်..."
ထိုင်ခုံမှာထိုင်တာနဲ့ အရှေ့ကိုရောက်လာသော
ထမင်းကြော်ပန်းကန်လေး...။ အတိအကျဆိုရင်
သူအကြိုက်ဆုံး ဝင်ပင်စိမ်းထမင်းကြော်...။
အငွေ့တထောင်းထောင်းနဲ့မို့ ပိုကောင်းသည်။
ပူပူလေးစားရတာ အကြိုက်ဆုံးပင်...။
တစ်ဇွန်းခပ်လိုက်တော့..."မှုတ်ဦးနော်။ Babyလေး..."
"ဟုတ်..."
ထို့နောက် အနည်းငယ်အေးသွားအောင်
မှုတ်လိုက်ပြီးနောက် ပါးစပ်ထဲထည့်လိုက်သည်။
အင်း...ကောင်းမှကောင်းပဲ...။ ကိုကို့အချစ်တွေနဲ့
ကြော်ပေးထားတာမို့ ပိုစားလို့ကောင်းသည်။"ကိုကို ဒီနေ့ဘာအလုပ်ရှိလဲ"
"Babyလေးကိုပြောမလို့...။ နေ့ခင်းလောက်ကျ
ကိုကို ဆေးရုံလာခဲ့မယ်"
YOU ARE READING
My Baby Doctor
FanfictionCompanyပိုင်ရှင်CEOနဲ့ Doctorလေးတို့ကြားက Romanticဆန်ဆန် love storyလေး... ဒီficလေးက အေးအေးငြိမ့်ငြိမ့်လေးပဲ သွားမှာမို့ မုန်တိုင်းတော့ မပါ,ပါဘူး။ အချိုကြိုက်သူများအတွက် သီးသန့်ပါနော်။ ဆီးချိုကျဆေး ကြိုဆောင်ထားကြပါ။ ❌No Drama❌...