အချိန်ကြာကြာအိပ်ချင်သော်ငြား
အကျင့်ပါနေသောမျက်လုံးတို့က
Alarmပေးစရာမလိုအောင်
ပုံမှန်အချိန်အတိုင်း နိုးလာခဲ့သည်။
စားပွဲပေါ်ကနာရီကို လှမ်းကြည့်လိုက်တော့
(7)နာရီသို့ညွှန်ပြနေသည်။ အချိန်ကွာခြားချက်ကို
ရင်းနှီးနေပြီးသူများအဖို့ သူတို့အိပ်ချိန်ဟာ
Thaiမှာဆို သန်းခေါင်ကျော်လောက်ပြီ။
ထို့ကြောင့်လည်း နိုးလာတဲ့အချိန်သည်
နေ့ခင်းလောက်ဖြစ်နေလောက်မည်၊ရင်ခွင်ထဲကြည့်လိုက်တော့ Babyလေးက
အိပ်မောကျနေဆဲ...။ လက်မောင်းပေါ်
ခေါင်းအုံးကာ ရင်ဘတ်နဲ့ဖိအိပ်ထားမှုကြောင့်
ပါးလေးတစ်ဖက်ဟာ ဖောင်းနေသည်။
ပခုံးမှဖက်ထားသော လက်တစ်ဖက်သည်
Babyလေးရဲ့လက်နှစ်ဖက်၏
တင်းကြပ်စွာ ဆုပ်ကိုင်ထားမှုကို
ခံနေရသည်။ နောက်တစ်ဖက်ကတော့
Babyလေး ခါးထက်မှာပေါ့...။ခါးပေါ်ကလက်ကိုအသာဖယ်၊
လက်နှစ်ဖက်ကြားထဲမှာလက်ကို
ဖြည်းဖြည်းဆွဲထုတ်လိုက်သည်။
ထို့နောက် Babyလေးရဲ့ခေါင်းကို
သေချာမ,ကာ ခေါင်းအုံးပေါ်ချပေးတော့
လူးလှိမ့်လာပြီး ပြန်အိပ်သွားသည်။
သူလည်း စောင်ပြန်ခြုံပေးကာ
နဖူးလေးကိုအနမ်းခြွေပြီး မျက်နှာသစ်ရန်
ရေချိုးခန်းထဲသို့ ဝင်လာလိုက်သည်။မျက်နှာသစ်ပြီး ပြန်ထွက်လာချိန်အထိ
Babyလေးမနိုးသေးပေ...။ ထို့ကြောင့်
အောက်ထပ်ဆင်းကာ Breakfastအတွက်
သွားဝယ်လိုက်သည်။ သူတို့Condoက
စားသောက်ဆိုင်နဲ့ရော၊ ကျောင်းနဲ့ပါ
နီးနီးလေးမို့ အလွန်အဆင်ပြေလှသည်။
Babyလေးကြိုက်လောက်မယ့်
မုန့်တွေကိုဝယ်ကာ ပြန်တက်လာပြီး
မီးဖိုးချောင်မှာ ပြင်ဆင်ကာ
Babyလေးကိုနှိုးရန် အခန်းထဲပြန်ဝင်ရသည်။သူ အပြင်ကပြန်လာသည်အထိ
ချစ်ရသူလေးက မနိုးသေးပေ...။
ပင်ပန်းမှုတွေအတွက် အတိုးချပြီး
အိပ်နေပုံပင်...။ နောက်တစ်ပတ်နေရင်
ကျောင်းတက်ရဦးမှာမို့ အချိန်ရတုန်းလေး
နားနေတာကိုတော့ သူ့အနေနဲ့ အပြစ်မမြင်...။
ပြောမယ့်သာပြောရတာပါ...။
Babyလေးဘာလုပ်လုပ် အပြစ်လို့ကို
သူမမြင်တာ...။ သူ့အတွက်ကတော့
Babyလေး အမြဲမှန်သည်။

YOU ARE READING
My Baby Doctor
FanfictionCompanyပိုင်ရှင်CEOနဲ့ Doctorလေးတို့ကြားက Romanticဆန်ဆန် love storyလေး... ဒီficလေးက အေးအေးငြိမ့်ငြိမ့်လေးပဲ သွားမှာမို့ မုန်တိုင်းတော့ မပါ,ပါဘူး။ အချိုကြိုက်သူများအတွက် သီးသန့်ပါနော်။ ဆီးချိုကျဆေး ကြိုဆောင်ထားကြပါ။ ❌No Drama❌...