Pt-20

522 17 0
                                    

"Baby​လေး​ရေ...ထ​တော့​လေ​နော်​။
အလုပ်​သွားရမယ်​​လေ"

"(5)minsကိုကို..."

စောင်​ပုံထဲက​နေ လက်​​လေးတစ်​ဖက်​ထုတ်​ကာ
ပြောလာ​သောအ​ကောင်​​ပေါက်​...
အဲ့(5)minsက (7)နာရီခွဲထဲက​ပြော​နေတာ။
အခု(8)နာရီခွဲ​နေပြီ။

"Baby​လေးရဲ့(5)minsက
(8)နာရီခွဲ​နေပြီ​နော်​"

"ဟင်​...ဟုတ်​လား"

"အင်း..."

"​အော်​..."

"အယ်​"

'​အော်​'လို့​ပြောပြီး ထမလားမှတ်​ပါတယ်​။
ပက်​လက်​အိပ်​​နေရာက​နေ
မှောက်​ရက်​ပြန်​အိပ်​သွားသည်​။
ဒီက​လေး ဒီ​နေ့မှအအိပ်​မက်​​နေသလိုပဲ။

သူ့ဘက်​မျက်​နှာလှည့်​အိပ်​​နေ​သော
Baby​လေးကိုကြည့်​ကာ...

"Baby​လေး...​နေမ​ကောင်းဘူးလား"

"ဟင့်​အင်း..."

"အလုပ်​မသွားချင်​ဘူးလား"

"ဟင့်​အင်း..."

"ထ​တော့မလား"

"ဟင့်​အင်း..."

ဘာ​မေး​မေး 'ဟင့်​အင်း'​နေ​တာမို့
ကုတင်​​ပေါ်တက်​ထိုင်​ကာ Baby​လေးကို
ပခုံးကဆွဲလှည့်​ပြီး ရင်​ခွင်​ထဲထည့်​လိုက်​သည်​။
ထို့​နောက်​ ဆံပင်​​လေးကိုသပ်​​ပေးကာ...

"ကိုကို့Baby​လေး ဘာဖြစ်​​နေတာလဲဗျ"

"အိပ်​​ရေးမဝဘူး"

"ဒါဆို ဆက်​အိပ်​​လေ။ အလုပ်​မသွားနဲ့"

"ဒါ​ပေမယ့်​ Operation patientရှိတယ်​"

"ဘယ်​အချိန်​လဲ"

"(3)နာရီ..."

"ဒါဆို အဲ့အချိန်​ကျမှသွားချင်​သွား​လေ။
ကိုကိုလိုက်​ပို့မယ်​"

"အိမ်​မှာ တစ်​​ယောက်​တည်းပျင်းတယ်​"

"ကိုကိုနဲ့လိုက်​ခဲ့ချင်​လား"

"Companyကိုလား"

"Koreaကလုပ်​ငန်းရှင်​တစ်​​ယောက်​နဲ့
အလုပ်​ကိစ္စသွား​ဆွေး​နွေးမလို့"

"ရှုပ်​​နေပါဦးမယ်​"

"Baby​လေးလိုက်​ချင်​ရင်​ လိုက်​လာခဲ့​လေ။
ဘာမှမဖြစ်​ပါဘူး။ ကိုကိုအလုပ်​ကိစ္စ​ပြော​နေချိန်
Baby​လေးက မုန့်​စားလည်းရတာပဲ"

My Baby DoctorWhere stories live. Discover now