Pt-19

566 19 1
                                    

Mewအိပ်​ရာကနိုးလာ​တော့
လက်​တို့ကအကျင့်​ပါစွာ ​ဘေးကိုစမ်းမိသည်​။
သို့​သော်​ ​အေးစက်​စက်​အထိအ​တွေ့​ကြောင့်
မျက်​လုံးပွင့်​လာရသည်​။ နာရီကြည့်​​တော့
(6)နာရီခွဲ...မနက်​အ​စောကြီး Baby​လေးက
ဘယ်​​ရောက်​သွားတာလဲ။ အလုပ်​သွားတာလား။
မဖြစ်​နိုင်​တာ...

ကုတင်​​ပေါ်က ကမန်းကတန်းဆင်းကာ
ရေချိုးခန်းထဲသွားရှာ​တော့မ​တွေ့...။
အိမ်​သာထဲသွားကြည့်​​တော့လည်းမရှိ...။
ဘယ်​သွားတာလဲမသိဘူးကွာ...။
ဖုန်း​ခေါ်ဖို့ကျ​တော့လည်း စားပွဲ​ပေါ်က
ဘေးချင်းကပ်​တင်​ထား​သော
ဖုန်းနှစ်​လုံးက ​ပြောင်​ပြ​နေသည်​။

မျက်​နှာ​တောင်​မသစ်​နိုင်​ဘဲ
အောက်​ဆင်းလာသည်​။ ​လှေကားဝမှာ
Hazardတို့ကို​တွေ့တာမို့...

"Hazard...Chopper...Baby​လေး​ရော..."

"ကိုကို...ကျွန်​​တော်​မီးဖိုခန်းမှာ..."

Baby​လေးအသံကြား​တော့
Hazardတို့ကို​ကျော်​ခွကာ မီးဖိုခန်းထဲ
ဝင်​သွားလိုက်​သည်​။

Hazardနဲ့Chopperက​တော့
ပါးပါးအသံကြားတာနဲ့ သူတို့ကို​ကျော်​ခွသွား​သော
Daddyအား စိတ်​ကုန်​သလိုကြည့်​ကာ
ဆက်​ကစား​နေသည်​။

Chopper's pov: *ဘယ်​မှာလဲ။
ငါ့အတွက်​တရားမျှတမှု​...ပါးပါးမရှိခင်​က​တော့
'သား​လေး​ရေ...သား​လေး​ရေ'နဲ့...
ပါးပါးလည်း​ရောက်​လာ​ရော
ငါ့ကိုပလစ်​သွားပြီ။ ဟူးမန်း​တွေက
ကြောက်​ဖို့​ကောင်းလိုက်တာ*

မီးဖိုခန်းထဲ​ရောက်​​တော့ Apronဝတ်​ကာ
ဘာချက်​​နေမှန်းမသိ​သောBaby​လေး...
သူလည်း အ​နောက်​ကဖက်​ကာ...

"Baby​လေးရယ်​...လန့်​သွားတာပဲ။
ဘာလို့အ​စောကြီးထသွားတာလဲ"

"ကိုကိုနိုးလာရင်​စားဖို့ ထမင်း​ကြော်​​နေတာ"

"ကိုကိုနိုးလာတဲ့အချိန်​ Baby​လေးကိုမ​တွေ့​တော့
ဝမ်းနည်းသွားတာ"

ပခုံး​ပေါ်​​မေးတင်​ကာ ချွဲ​နေ​သောကိုကို့​ကြောင့်
ထမင်း​ကြော်​အိုးကိုမီးပိတ်​ကာ...

"ကျွန်​​တော့်​ကိုကို ဝမ်းနည်း​နေတာလား"

"အွန်း...Baby​လေးက ပြစ်​ထားတယ်​​လေ"

My Baby DoctorWhere stories live. Discover now