Pt-13

466 16 0
                                    

"ကိုကို...ကျွန်​​တော်​ရင်​ခုန်​​နေတယ်​"

"Calm down...Baby...Calm down..."

ဒီ​နေ့ ​အောင်​စာရင်းထွက်​မှာမို့ နှစ်​​ယောက်​သား
Laptop​ရှေ့မှာ E-mail​စောင့်​​နေခြင်းပင်​...။
ဖြေနိုင်​​ပေမယ့်​ စိတ်​လှုပ်​ရှား​နေ​သော
Baby​လေးကို ပခုံးမှဖက်​ကာ
ရင်​ခွင်​ထဲထည့်​ထားပြီး စိတ်​ငြိမ်​​စေရန်
ကျော​လေးအား ပွတ်​​ပေး​နေမိသည်​။

Baby​လေးကိုကြည့်​ရတာ လွန်​ခဲ့တဲ့(6)နှစ်​က
သူ့ကိုယ်​သူ ပြန်​​မြင်​​နေရသလို...။
သူ့တုန်းကလည်း ရင်​ခုန်​ခဲ့တာပဲ။
မ​ဖြေနိုင်​တာမဟုတ်​​ပေမယ့်​ မ​တော်​တဆဆိုတာ
ရှိ​သေးတယ်​မလား။ ​နောက်​ဆုံး E-mailထဲကို
Mailဝင်​လာ​တော့မှ စိတ်​ချနိုင်​ခဲ့ခြင်း...။

Baby​လေးလည်း ထိုနည်း၎င်းပင်​...။
အ​တွေ့အကြုံရှိပြီးသားသူ​တောင်
အခုစိတ်​လှုပ်​ရှား​နေရင်​ ကာယကံရှင်​က
ပိုပြီးစိတ်​လှုပ်​ရှား​နေမှာ​ပေါ့...။

"ကိုကို...ဘာလို့ Mailမဝင်​​သေးတာလဲ"

Baby​လေး​မေးလို့ နာရီကြည့်​လိုက်​​တော့
(9)နာရီ(15)မိနစ်​...Mailပို့မှာက
(9)နာရီ(45)မိနစ်​မှဆို​တော့ နာရီဝက်​​တောင်
လို​နေ​သေးသည်​။

"အချိန်​မကျ​သေးဘူး​လေ။ Baby​လေးရဲ့...
နာရီဝက်​​တောင်​ လို​သေးတာကို"

"ဟုတ်​လား။ ကျွန်​​တော့်​စိတ်​ထဲ
နောက်​ကျ​နေပြီထင်​တာ"

"ဘာ​သောက်​မလဲ။ ကိုကိုလုပ်​​ပေးမယ်​"

"ဟင့်​အင်း...ကိုကိုလည်းဘယ်​မှမသွားနဲ့။
ကျွန်​​တော့်​ကိုပဲဖက်​ထား​ပေး...။
ကိုကိုရှိ​နေရင်​ စိတ်​လှုပ်​ရှားတာသက်​သာလို့"

"ဟုတ်​ပါပြီဗျာ။ ကိုကိုမသွားဘူး​နော်​"

အချွဲတုန်း​လေးအား ရင်​ခွင်​ထဲထည့်​ကာ
ခေါင်းလုံးလုံး​လေးအား နမ်း​နေလိုက်​သည်​။

"အရမ်းစိတ်​မလှုပ်​ရှား​နေနဲ့​နော်​။
ကိုကို​ပြောတာ မှတ်​မိတယ်​မလား"

"ဟုတ်​ကဲ့"

ခေါင်း​လေးနမ်းလိုက်​၊ လက်​​လေးနမ်းလိုက်​၊
အေးစက်​စက်​ဖြစ်​​နေ​သော လက်​​လေးကို
ကျစ်​ကျစ်​ပါ​အောင်​ ဆုပ်​ကိုင်​ထားရင်း
နာရီထပ်​ကြည့်​​တော့ (9)နာရီ(40)မိနစ်​...

My Baby DoctorWhere stories live. Discover now