"P'Kaownah...ကျွန်တော် P'ကိုချစ်တယ်"
အသဲပုံမိုးပျံပူဖောင်းများအားကိုင်ကာ
သူ့ကိုအော်ပြောနေသော Turboကြောင့်
ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်နေသည်။
ဒီကလေးက...သူ့ကိုချစ်တယ်တဲ့လား။
မြင်ဖူးတာဖြင့် (1)လတောင်မရှိသေးတာ။
Love at first sightဆိုပေမယ့်လည်း
အနေအထားက နည်းနည်းတော့
လွဲနေသေးတယ်မလား...။ပတ်ဝန်းကျင်ကလည်း သူ့အာရုံနဲ့သူမို့
အာရုံမစိုက်နိုင်ပေ...။ Turboနားသွားကာ..."ဘာတွေလုပ်နေတာလဲTurbo...
ရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူးနော်"သူပြောလိုက်တော့ ခေါင်းငြိမ့်ကာ...
"ကျွန်တော်သိတယ်လေ။ ကျွန်တော်ကလည်း
ရုပ်ရှင်ရိုက်နေပါတယ်လို့ မပြောမိပါဘူး။
ဒီတိုင်း ကျွန်တော့်ခံစားချက်ကို
P'သိအောင် ပြောပြတာ""ဒါပေမယ့်..."
"ကျွန်တော်နားလည်တယ်P'...အခုချိန်မှာ
P'အတွက် စဉ်းစားဖို့အချိန်
လိုအပ်နေတယ်မလား။ Okay...
ကျွန်တော်ပေးမယ်။ P'စဉ်းစား...
စဉ်းစားပြီးရင်တော့ အဖြေပြန်ပေး...""သေချာပေါက်ကို အချိန်ယူရမှာပေါ့။
P'ရဲ့ခံစားချက်တွေ အခုချိန်မှာ
ရှုပ်ထွေးနေတယ်။ ဘာကိုမှမတွေးနိုင်ဘူး။
အဲ့တော့ Turboဘက်က နားလည်ပေးပါ""ကျွန်တော် ပြောပြီးပါရောလားဗျာ။
ရုတ်တရက်ဆိုတော့ ဘယ်သူမှ
တွေးနိုင်မှာမဟုတ်ဘူး။ အဆင်ပြေတယ်။
အခုတော့ ဒီပူဖောင်းလေးတွေယူထား...
P'အတွက် ညနေကတည်းက မှာထားတာ""အွန်း..."
လက်ထဲကပူဖောင်းတွေကို ယူလိုက်တော့...
"ဟင်!Turbo..."
ပူဖောင်းလေးတွေကိုချည်ထားသော
ဖဲကြိုးအောက်တွင် လက်စွပ်နဲ့တွဲထားတဲ့
ဆွဲကြိုးတစ်ကုံး...Turboလည်း ထိုဆွဲကြိုးလေးကို
ဖြည်ယူလိုက်ကာ..."အစကတော့ ဘာလက်ဆောင်ပေးရမလဲ
စဉ်းစားနေတာ။ P'နဲ့လည်းလိုက်ဖက်ပြီး
တကယ်လှတဲ့ပစ္စည်းလေးပေါ့"

YOU ARE READING
My Baby Doctor
FanficCompanyပိုင်ရှင်CEOနဲ့ Doctorလေးတို့ကြားက Romanticဆန်ဆန် love storyလေး... ဒီficလေးက အေးအေးငြိမ့်ငြိမ့်လေးပဲ သွားမှာမို့ မုန်တိုင်းတော့ မပါ,ပါဘူး။ အချိုကြိုက်သူများအတွက် သီးသန့်ပါနော်။ ဆီးချိုကျဆေး ကြိုဆောင်ထားကြပါ။ ❌No Drama❌...