"Babyလေးရေ...Babyလေး..."
"ကိုကို...ကျွန်တော် မီးဖိုခန်းထဲမှာ..."
မနက်ကနိုးတော့ ဖက်အိပ်နေကျအနွေးလုံးလေး
မရှိသည်မို့ မျက်နှာသစ်ကာ ထွက်လာပြီး
ခေါ်ကြည့်တော့ ပြန်ဖြေလာတဲ့အသံလေးက
မီးဖိုခန်းထဲက...။ ဒီကလေးကတော့
မလုပ်ပါနဲ့ဆိုတာကို...။ စိတ်ပူတယ်လို့
ပြောပြန်ရင်လည်း 'ဂိုဏ်းချုပ်'ဆိုတာနဲ့ပဲ
ကိုင်ပေါက်နေတာ...။တစ်ဦးတည်းသောချစ်သူလေးမို့
အရမ်းဆိုးတယ်!"Babyလေး...ကိုကိုဘာပြောထားလဲ"
"အပူမလောင်ပါဘူး။ ကိုကိုရယ်...
ကိုကို့အတွက် နွားနို့ကျိုနေတာပါ။
အခုကျက်နေပြီ"သူဘာမှမပြောနိုင်တော့...။ သူ့ချစ်သူလေးက
သူ့ကိုသောက်စေချင်လို့ လုပ်ပေးတာပဲလေ...။
တော်ကြာ သူ့အသဲလေး ဝမ်းနည်းနေမှဖြင့်...။"ဟုတ်ပါပြီကွာ။ ကိုကိုမပြောတော့ဘူးနော်။
ကိုကို့Babyလေးက ကိုကို့အတွက်
လုပ်ပေးထားတာပဲ""ဒါပေါ့။ ရော့...ဒီမှာနွားနို့...နောက်ပြီးတော့...
ပေါင်မုန့်ကြက်ဥကြော်...""Babyလေး..."
"အေးဆေးပါ။ ကိုကိုရယ်...ဘာမှမဖြစ်ဘူး။
ပေါင်မုန့်ကြက်ဥကြော်က ဂိုဏ်းထဲမှာ
အမြဲကြော်စားနေကျ..."ဟုတ်တော့လည်း ဟုတ်ပါသည်။
သူကသာ ချစ်လွန်းလို့ စိတ်ပူနေမိတာ
သူနဲ့မတွေ့ခင်တုန်းက Babyလေးက
ဒီ့ထက်ဆိုးတာတွေတောင် ကြုံခဲ့ရမှာ...။
ဆိုပေမယ့်လည်း သူစိတ်ပူမိတာတော့
မမှားဘူးမလား။ လူတိုင်းကတော့
ကိုယ်ချစ်တဲ့လူကို သေးသေးမွှားမွှားလေးကအစ
စိတ်ပူတတ်ကြတာပဲလေ...။သူ့ဘက်ကချည်း စိတ်ပူနေတာတော့မဟုတ်...။
Babyလေးက သူ့ထက်တောင်
ပိုပြီးစိတ်ပူတတ်သည်။ ခံစားချက်တွေကို
ထုတ်မပြတတ်ပေမယ့် ချစ်သူတစ်ယောက်အနေနဲ့
Babyလေးစိတ်ကို သူခန့်မှန်းနိုင်သည်။
ဘယ်လောက်ထိစိတ်ပူတတ်သလဲဆိုရင်
Siteထဲကိုသွားစစ်တုန်းက သံချောင်းပြုတ်ကျလို့
ဆေးရုံတက်ခဲ့ရတုန်းကပေါ့...။
YOU ARE READING
My Baby Doctor
FanfictionCompanyပိုင်ရှင်CEOနဲ့ Doctorလေးတို့ကြားက Romanticဆန်ဆန် love storyလေး... ဒီficလေးက အေးအေးငြိမ့်ငြိမ့်လေးပဲ သွားမှာမို့ မုန်တိုင်းတော့ မပါ,ပါဘူး။ အချိုကြိုက်သူများအတွက် သီးသန့်ပါနော်။ ဆီးချိုကျဆေး ကြိုဆောင်ထားကြပါ။ ❌No Drama❌...