"ငါတို့ အတန်းခေါင်းဆောင် ရွေးမှာလေ! မင်းဘယ်သူ့ကို ရွေးမှာလဲ ဂျွန်ဂယူ !"
"ငါလား? သေချာပေါက် ဂျယ်ဟော့ကို ရွေးမှာပေါ့..."
ဂျွန်ဂယူ အဖြေကြောင့် ယဲဒမ် က နှာခေါင်းရှုံ့သွားကာ ဂျွန်ဂယူမကြားနိုင်သော ပွစိ ပွစိ စကားကိုဆိုသေးသည်။
ဂျွန်ဂယူ သူ့ကို ထိုသို့သော အမူအရာ လုပ်ပြနေသဖြင့် နှုတ်ခမ်းလုံးလုံးကိုစုချွန်ကာ...
"ဘာလဲ ဘာဖြစ်လို့လဲ?"
"မင်းကတော့လေ..! ရုပ်လေးချစ်စရာကောင်းသလောက် မှန်ကန်တာကို မတွေးတတ်ဘူးပဲ! အမြဲ ခေါင်းထဲမှာ ဂျယ်ဟော့တစ်ယောက်ထဲရှိတာလားမင်းက !!"
"ဒါပေါ့ !ယွန်းဂျယ်ဟော့က ရုပ်လဲချောတယ်...စာလဲတော်တယ်...အနေလဲအေးတယ်...အိုး...
အားလုံး အားလုံး ပြီးပြည့်စုံလွန်းလို့ ..သူသာ အတန်းခေါင်းဆောင် ဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ?""ဒီမှာ အတန်းခေါင်းဆောင်ဆိုတာ ရုပ်ချောတာ
အနေအေးတာနဲ့မဆိုင်ဘူးကွ...ဒီတစ်တန်းလုံးကို မှန်မှန်ကန်ကန် အုပ်ချုပ်နိုင်ရမယ်...အနစ်နာခံရမယ်...ဦးစီးဦးဆောင်ရှိရမယ်...အဲ့ဒါကြောင့် မို့ ငါတို့ အကုန်လုံးကတော့ ပတ်ဂျီဟွန်းကိုပဲ မဲ ထည့်မှာ !"ပတ်ဂျီဟွန်းနာမည်ကြားတာနှင့် ဂျွန်ဂယူက မျက်မှောင်ကိုကြုတ်ကာ နှုတ်ခမ်းကိုဆူထားလိုက်သော ကြောင့် လူသား အန်းဂရီဘက် ကလေးလိုပင်...
"လာပြန်ပြီ ပတ်ဂျီဟွန်း ! ဒီမှာ မင်းပြောတဲ့ အချက်တွေကို ဂျယ်ဟော့လဲ လုပ်နိုင်ပါတယ်နော် !! ဂျယ်ဟော့လဲ ဦးစီးဦးဆောင်ရှိပါတယ်..
အနစ်နာခံပါတယ်..ပတ်ဂျီဟွန်းပဲလုပ်တတ်တာမဟုတ်ဘူး..""ဒါပေမယ့် ဂျယ်ဟော့က တစ်ခါမှ အတန်းခေါင်းဆောင်မလုပ်ဖူးဘူးလေ..ဂျီဟွန်းနီးက အရင်နှစ်တွေကတည်းက အတန်းခေါင်းဆောင်လုပ်လာတာ.."
"ဒါဆို ချွဲဟျွန်းဆော့ကိုပဲ မဲထည့်ကြပါလား? မနှစ်က ချွဲဟျွန်းဆော့ လဲ အတန်းခေါင်းဆောင် မဟုတ်ဘူးလား?"
ပတ်ဂျီဟွန်း အတန်းခေါင်းဆောင်မဖြစ်ဖို့အရေး ဂျွန်ဂယူက တော့ ရသလောက် နှုတ်လှန်ထိုးမည့် သဘောမှာရှိနေသည်။ အခုထိ လဲ တစ်ပြားမှ မလျှော့...