ဂျီဟွန်း ကျောင်းကနေ ပြန်လာတော့ ညနေ ခြောက်နာရီခန့်ဖြစ်သည်။ ခြောက်နာရီပဲရှိသေးပေမယ့် ဆောင်းတွင်းမို့ အမြန်မှောင်ကာ ညရှစ်နာရီလောက်နဲ့ သွားတူနေပါ၏။လွယ်အိတ်နှစ်လုံးနဲ့ အဆောင်ကို ပြန်လာသော ဂျီဟွန်းမှာ ဘာမှပင်မစားရသေး...စာတွေစစ်ပြီး စာအုပ်တွေရုံးခန်းဆီပို့ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့ရတာဖြစ်တာကြောင့်ပင်..
"နေမကောင်းတဲ့သူနား တစ်ယောက်မှ မနေကြဘူးလားလဲမသိ.."
ဂျီဟွန်းအထင်မှာ အဆောင်ခန်းထဲ တစ်ယောက်ထဲ ဂျွန်ဂယူ အဖျားတက်နေမှာစိုးကာ ဘာမှ မစားရသေးဘူးလားဟုလဲ တွေးနေမိသည်။ ဘာဆေးမှတောင်မ၀ယ်လာ..ဂျွန်ဂယူက ဆေးတိုင်းနဲ့မတည့်တာ ဂျီဟွန်းသိထားခြင်းကြောင့်ပင်...
သို့ပေမယ့် ဂျီဟွန်း အခန်းထဲရောက်သော် ဂျွန်ဂယူကိုမတွေ့ရ...
လွယ်အိတ်နှစ်လုံးလုံးကို ချကာ ဟိုဟိုဒီဒီရှာကြည့်ရသည်။ မောလဲမောဟိုက်နေတာကြောင့်ရေတစ်ဗူးကိုဖောက်သောက်ရင်းရေချိုးခန်းထဲ သွားကြည့်မိသည်။ မတွေ့..
"ဘယ်သွားတာလဲ? မဟုတ်မှ.."
ဂျီဟွန်း ထိတ်ခနဲ စိတ်ပူသွားရခြင်းမှာတစ်ခုခုဖြစ်၍ ဆေးရုံတွေဘာတွေများ ပို့လိုက်ရပြီလားဟု တွေးမိလိုက်ခြင်းကြောင့်ဖြစ်သည်။ ပြောမရ.. ဂျွန်ဂယူက နေရင်းထိုင်းရင်းတောင် ခေါင်းမူးပြီး မိုက်ခနဲ ဖြစ်သွားတတ်တဲ့လူလေ...
"ဂျွန်ဂယူရော.."
ဂျီဟွန်း တစ်ခြားအခန်းတွေ လိုက်မေးကြည့်လိုက်မိသည်။
"မသိဘူးလေ..အတန်းခေါင်းဆောင်ပဲ သွားခေါ်မယ်ဆို.."
"ကျစ်!မင်းတို့က အရေးအကြောင်းဆို ဘာမှ အားမကိုးရဘူး..ကျောင်းဆင်းတာနဲ့တန်းပြေးကြတာပဲ..."
ဂျီဟွန်းဒေါသ ထွက်ထွက်နဲ့အကုန်လုံးကို ပိတ်ဟောက်ခဲ့လိုက်ကာ ဟိုဘက်အဆောင်ဆီကူးလာရသည်။ဟိုဘက်အဆောင်ရောက်တာနဲ့ မတည့်တဲ့ကောင်တွေက ကွက်ကြည့် ကွက်ကြည့်နဲ့ဖြစ်သည်။ ဟိုတစ်ခါဘတ်စကတ်ဘောနဲ့ ရန်ပွဲပြီးကတည်းက ဒီကောင်တွေကကိုယ့်ကို သိပ်မကြည်ချင်...သို့ပေမယ့် ကိုယ်က အတန်းခေါင်းဆောင်ဖြစ်နေ၍ သာ ဒီကောင်တွေ ခြေလှမ်းမစလာတာဖြစ်သည်။