"မင်းသောက်နေကြဆေးတွေ ဒိုယောင်းအဖေကိုပြပြီး ဆေးတွေထပ်တောင်းထားတယ်သိလား?"
"ဘယ်လောက်ကျလဲ ငါပြန်ပေးမယ်လေ.."
အံဆွဲထဲမှ ဆေးတွေကိုထုတ်ပြနေရင်းမှ ဂျွန်ဂယူစကားကြောင့် မျက်စောင်းတွေ လှိမ့်ထိုးလာသော ပတ်ဂျီဟွန်းကြောင့် ဂျွန်ဂယူ ရယ်ကျဲကျဲ ဖြစ်သွားသည်။
"ကျောင်းနောက်ကျနေမယ် သွားစရာရှိတာသွားစမ်းပါ ပတ်ဂျီဟွန်းရယ်..ကလေးအမေကျနေတာပဲ မိုးလင်းကတည်းက ပွစိပွစိနဲ့.."
"ပွစိမှာပေါ့! နည်းနည်းမှစိတ်ချစရာမှမရှိတာ...ငါ အတန်းချိန်အပြည့်မတက်ဘူး လက်မှတ်ထိုးပြီး ပြန်ရင် ပြန်လာခဲ့မယ်သိလား?ဘာစားချင်လဲ ဘာ၀ယ်ခဲ့ရမလဲ?"
"အတန်းခေါင်းဆောင်ဖြစ်ပြီး စည်းကမ်းဖောက်ဖျက်နေရင် အခြားကျောင်းသားတွေက မင်းကိုလေးစားကြပါဦးမလား ပတ်ဂျီဟွန်းရယ်..ငါစိတ်ညစ်တယ် မင်းကိုလဲ"
"ငါကမင်းကို ပိုစိတ်ညစ်ပါတယ်နော်! ကြည့်ရတာ နည်းနည်းမှကို စိတ်ချမ်းမြေ့စရာမရှိဘူး..."
"စိတ်မချမ်းမြေ့ရင်မကြည့်နဲ့ပေါ့ ချီးထုပ်ရဲ့! ဘယ်သူက ကြည့်ခိုင်းနေလို့လဲ ? သွား? သွား ပေါ်မလာနဲ့ငါရှေ့!"
"အမယ်လေး! သွားမှာပါ နှင်မထုတ်ပါနဲ့!"
ရသလောက်ကို ရန်ဖြစ်နေကြသော ဒီနှစ်ယောက်က အချင်းချင်းသဘောကျနေကြတယ်ဆိုတာ ယုံချင်စရာကိုမရှိ...ဂျီဟွန်း ထွက်သွားတော့လဲ အခန်းထဲ တစ်ယောက်ထဲပျင်းခြောက်ခြောက်ကျန်ခဲ့သူက ဂျွန်ဂယူပင်...
ကုတင် ပေါ်က ဆင်းကာ ဂျီဟွန်းပြထားခဲ့သော အံဆွဲထဲမှ ဆေးကို ယူကာ ရေနဲ့မော့သောက်လိုက်သည်။ ဒီဆေးတွေက သာမာန်အဖျားပျောက်ဆေးတွေထက်ဈေးကြီးပါ၏။
ဂျွန်ဂယူလို ဆေးနဲ့ဓာတ်မတည့်သူတွေအတွက် ရှားပါးသော ဆေးတွေဖြစ်တာကြောင့် ပို၍ ဈေးကြီးသည်။ ဂျီဟွန်းကတော့ ဘယ်လောက်တောင် ထုတ်ရှင်းလိုက်ရလဲမသိ...
မေးလဲဖြေမှာမဟုတ်တာကြောင့် ဒိုယောင်းဆီသာ ဖုန်းဆက်လိုက်ရသည်။