ဂျွန်ဂယူ ကျောင်းသို့တစ်ယောက်ထဲကျောင်းလာရတာငါးရက်မျှရှိသွားပြီ ဖြစ်သည်။ကျောင်းနားခံထားရသော ဂျီဟွန်းဟာ အဆောင်မှာသာ နားနေရပြီး ကျောင်းအုပ်ကြီးထံ အသနားခံစာ တင်ထားသည်ထင်၏။ဂျွန်ဂယူဖြင့် ထိုကိစ္စတွေနဲ့ပက်သက်၍ ဂျိူအွန်းကိုနည်းနည်းလေးတောင်မကျေနပ်ပါသော်လည်း ကိုယ့်ထက်နောက်ခံအသိုင်းအဝိုင်းအများကြီးကောင်းနေပါသော ဂျိုအွန်းကို ဘာမှပြန်မလုပ်နိုင်...
ဒီရက်တွေအတွင်း ဆယ်ဗြောကျေးဇူးကြောင့် အေးအေးဆေးဆေး ကျောင်းပြန်တက်နေရတာမို့ နောက်ရက်တွေမှာ ဆယ်ဗြောကို မုန့်၀ယ်ကျွေးဖို့လဲ တွေးထားလိုက်ရသေးသည်။
"သူလား? သူ့ကို ပြောတာလား?"
မနက်စာ မစားရသဖြင့် ဂျွန်ဂယူကျောင်းကကန်တင်းမှာပဲ မုန့်၀င်စားနေတုန်း အရှေ့ဝိုင်းမှကောင်မလေးတွေက လှည့်ကြည့်လှည့်ကြည့်နဲ့ ပြောလာသော စကားသံများကို ဂျွန်ဂယူ ကောင်းစွာကြားလိုက်တာမို့ ဟမ်ဘာဂါကို တစ်ကိုက်ကိုက်နေရာမှ မော့ကြည့်မိသွားသည်။
"ဟယ် ရုပ်လေးကချစ်စရာလေးတော့်.."
"ချစ်စရာကောင်းတော့လဲ ဘာလုပ်ရမှာလဲ အမျိုးယုတ်ကမွေးဖွားလာတာကို.."
မထင်မှတ်ထားသော စကားကို ကြားလိုက်ရတာမို့ ဂျွန်ဂယူ ဝုန်းခနဲဆို ထရပ်မိသွားသည်အထိ စိတ်ကထောင်းခနဲ...ပုံမှန်ဆို ဒေါသအလိုက်ဘယ်တော့မှ ဖြေရှင်းတတ်သည်မဟုတ်သော်ငြားလဲ အခုတော့မိဘအထိပါ စော်ကားလာတာမို့ ဂျွန်ဂယူ သည်းမခံနိုင်ပါ..
"အမတို့! ကျွန်တော့်ကို စောင်းပြောနေတာလား?"
ဂျွန်ဂယူ ထိုဝိုင်းအထိထသွားပြီး မေးလိုက်တော့ထိုသို့ပေါ်တင်မေးလာမယ်မထင်သော ကောင်မလေးတွေဟာ ခဏတော့ကြောင်သွားသေးသည်။ပြီးမှ...
"ဟုတ်တယ်လေ..ဒီကျောင်းမှာ နင်တစ်ယောက်ကလွှဲရင် ဘယ်သူ့ကို ပြောရဦးမှာလဲ?"
"ဘာကိုပြောနေကြတာလဲ?"
"နင့်အဖေက ဖောက်ပြန်ပြီးနောက်မိန်းမယူ သွားတာဆို! နင်က အဖေစွန့်ပစ်တဲ့သားတစ်ယောက်မဟုတ်ဘူးလား? ဪ..ဒါထက်..ဖောက်ပြန်တဲ့သူတစ်ယောက်ရဲ့သားပါပဲ.."