"အီဆန်က မနေ့ကပဲပြန်ရောက်တယ် ရောက်ရောက်ချင်းပဲ ဒီနေ့ သန့်ရှင်းရေးကျတယ်ဆိုတာ ကောင်းလား?"
ဂျောင်ဝူး တစ်ယောက် ပုခုံးပေါ်ကလျှောကျနေသော လွယ်အိတ်ကိုပင် ပုခုံးပေါ် ခပ်ကြမ်းကြမ်းပြန်ဆွဲတင်လိုက်ကာ တစ်ယောက်ထဲ မကျေမချမ်းတွေဖြစ်လာနေသည်။သန့်ရှင်းရေးကျလို့ ကျောင်းစောစောလာရသည်မို့ ကျောင်း၀င်းအတွင်း လူနဲ့ တူတာဆိုလို့ကိုယ့်တစ်ယောက်ပဲရှိမယ်ထင်၏။ကျောင်းစာသင်ခန်း တွေရှေ့ဖြတ်လျှောက်တော့လဲ ကိုယ့်ခြေလှမ်းအသံသာ ကျယ်လောင်စွာထွက်ပေါ်နေသည်။
"တစ်ရက်လောက်ကို နားလည်ပေးကြမယ်မရှိဘူးနားနားနေနေ နေချင်သေးတာပေါ့..သန့်ရှင်းမလုပ်တော့ ဘာဖြစ်..အမယ်လေးဗျာ!! လန့်လိုက်တာ!"
ဂျောင်ဝူးမှာ ဒေါသတွေ မောဟတွေနဲ့ ဘာမှ မမြင်တော့ဘဲ အတန်းတံခါးကိုဆွဲအဖွင့် မြင်လိုက်ရတာ့ လူနှစ်ယောက် ကြောင့်လန့်ဖျပ်လို့ ထတောင်ခုန်မိသွားသည်။ တစ်ကျောင်းလုံးမှာ ကျောင်းစောင့်နဲ့ကိုယ် နှစ်ယောက်ထဲ ရှိနေတယ်မှတ်တာ ကိုယ့်ထက် စောတဲ့သူတွေက ရှိနေသေးတာပဲ...
တစ်ယောက်စာ စာသင်ခုံစားပွဲသေးသေးလေးပေါ်မှာကို နှစ်ယောက်လုံးမှောက်အိပ်နေကြတာ
ဘယ်သူတွေများလဲ?ပတ်ဂျောင်ဝူးအရှေ့တိုးကြည့်လိုက်တော့..'' အတန်း..အတန်းခေါင်းဆောင်!"
ဂျောင်ဝူး ဟန်ပင်မဆောင်နိုင်တော့ဘဲ သိချင်စိတ်တွေကြောင့် အတန်းခေါင်းဆောင်နဲ့သူ၏အချစ်တော် ကင်ဂျွန်ဂယူ အားလှုပ်နိုးလိုက်ရတော့သည်။
"ထကြပါဦး! ထကြပါဦး...အမယ်လေး နိုးရခက်လိုက်ကြတာ.."
"ဝါး.."
အတင်းလှုပ်နိုးမှ ကုန်းထလာကြတဲ့ နှစ်ယောက်ဟာ စာသင်ခုံပေါ်မှောက်အိပ်ထားတာကြောင့်
ဇတ်ကိုယ်စီနာနေကြပြီး လှည့်မရ ပြူမရဖြစ်နေကြ၏။"အား..အား..ငါ့ဇတ် ငါ့ဇတ်"
"အား လှည့်မရ"
နှစ်ယောက်လုံး ဘယ် ဘက်ဇတ်တွေစောင်းကာ ပတ်ဂျောင်ဝူးကို လှည့်ကြည့်မရဖြစ်နေကြ၏။