ပထမအပတ်စာမေးပွဲဖြေပြီး ကျောင်းနှစ်ရက် ပိတ်တာ မို့အိမ်ပြန်သူက ပြန်...အဆောင်မှာပဲ နားသူက နားမည်ဖြစ်တာကြောင့် ကြောင်နဲ့ ကြွက် အခန်းထဲ အချင်းများနေကြပြန်သည်။ နေ့လည်စာ စားပြီးကတည်းက များနေတာ အခုထိ မပြီးကြသေး...
"ပတ်ဂျီဟွန်း! နှစ်ရက်ကြီးတောင်ပိတ်တာ နားနားနေနေ အိမ်ပြန်အိပ်ပါဆို.."
" ဖောင်းဖောင်း တို့ အကြောင်း ငါမသိရင် ခက်မယ်...ငါမရှိရင် မင်း အခန်းထဲ တစ်ယောက်ထဲ နေချင်သလို နေလို့ရတယ်ဆိုပြီး ငါ့ကိုအတင်းပြန်လွှတ်နေတာများ ! မကျေနပ်ရင် မင်းပြန်ပါလား?"
" ငါပြန်ရင် ! မင်းလဲ တစ်ယောက်ထဲ လုပ်ချင်တာ လုပ်တော့မှာလေ..ငါက အခုကစပြီး အပြင်ကို လုံး၀ မထွက်တော့ဘဲ အနားယူမှာ.."
"မင်းလိုတော့ တစ်နေကုန် ဂိမ်းထိုင်တိုက်မနေဘူး"
"လူဆိုတာ...တစ်ယောက်ထဲ အနားယူရမယ့်အချိန်ဆိုတာ လိုကိုလိုအပ်တယ်...ကိုယ့်ကိုကိုယ် အချိန်ပေးသင့်တာမို့လို့ မင်း ပြန်!"
"မင်းပဲပြန်! ဘယ်လိုဖြစ်လို့ ဘူဆန်ထိ ငါကပြန်ရမှာလဲ ရေကူးပြန်ရမှာလား?'
"ဂျီဟွန်းနီးကလဲကွာ...မင်းက လိမ္မာပါတယ်..နှစ်ရက်လေးပဲကို ပြန်လိုက်ပါ..."
"မပြန်ဘူး..."
ဂျွန်ဂယူ နဲ့ ဂျီဟွန်း သူပြန်ကိုယ်ပြန် နဲ့စကားများပြီး ကျောပေးကာ ထိုင်နေကြတုန်း ဂျယ်ဟော့ က တံခါးခေါက်ကာ ခေါင်းလေးပြူထွက်လျက်...
"ဂျွန်ဂယူ...ငါ ဒီနားက စတိုးဆိုင် သွားမလို့ လိုက်ဦးမလား?"
"လိုက်မှာပေါ့...."
ချက်ချင်းကြီးကို ဖိနပ်ကောက်စီးနေသော ဂျွန်ဂယူ ကိုကြည့်ကာ ဂျီဟွန်း တအံ့တဩ ဖြင့်....
"အခုက စပြီးအပြင်ကိုလုံး၀ မသွားဘူးဆို..."
"ဘာဖြစ်လဲ ငါ့ခြေထောက် နဲ့ ငါသွားတာ..."
အံမယ်...လျှာတောင် ထုတ်ပြသွားလိုက်သေးတယ်.. ဂျီဟွန်း ဖြင့် အောင့်သက်သက်ကြီး အခန်းထဲကျန်ခဲ့ရကာ ဘာပြောရမှန်းပင်မသိ....