"ဟော..ဟိုမှာ လာကြပါပြီ.."
ယဲဒမ် မေးငေါ့ပြရာကိုလှမ်းကြည့်မိတော့ တစ်ယောက်လက် တစ်ယောက်တွဲကာကျောင်းလမ်းတစ်လျှောက်ကို ခုန်ပေါက်ပြီး လျှောက်လာနေကြသော အတွဲတစ်တွဲကို မာရှီဟိုတွေ့လိုက်ရသည်။
မျက်နှာမှာလဲ ပါးစပ်တွေက နားရွက်တတ်ချိတ်မတတ်ဖြီးဖြဲနေလိုက်ကြတာ တစ်ကျောင်းလုံးသူတို့နှစ်ယောက်ပဲ ရှိတယ် ထင်နေလားပင်မသိ...
လမ်းကိုရိုးရိုးမလျှောက်ဘဲ ခုန်ပေါက်ပြီး လျှောက်လာကြတဲ့ နှစ်ယောက်မှာ အတန်းခေါင်းဆောင်က ဒီလောက် အံ့ဩစရာမကောင်း...ကင်ဂျွန်ဂယူက ဘယ်တုန်းက ဒါမျိုးပေါတတ်သွားတာလဲဟုပင် မာရှီဟိုမှာ အံ့ဩတကြီး ဖြစ်နေရသည် ။
"အမယ်လေးလေး..မိုးမမြင် လေမမြင်နဲ့ ဒီကို လာကြပါဦး.."
ယဲဒမ်က အရှေ့ကနေ ဖြတ်သွားရန်ပြင်နေသော ထိုအတွဲကို အော်ကြီးဟစ်ကျယ်လက်ယက်ခေါ်လိုက်မှ အရမ်းအူမြူးနေကြသော အတွဲက သူတို့ကို မြင်တွေ့သွားလေတော့သည်။
"ဟိုင်း .အချစ်လေးတို့!"
"အံမယ်.."
ရုတ်တရက်ကြီး အတန်းခေါင်းဆောင်ထံမှအချစ်လေးတွေဘာတွေ တပ်အခေါ်ခံလိုက်ရသဖြင့် ယဲဒမ်နဲ့ မာရှီဟိုမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မျက်ခုံးခပ်လှုပ်လှုပ်ပင်ဖြစ်သွားရသည်။သူ့ရည်းစားတစ်ယောက်လုံး ဘေးမှာရှိနေတာတောင် ဘယ်သူ့တွေကို လာပြီး အချစ်လေးခေါ်နေလဲ မသိပါဘူး..ဒီအတန်းခေါင်းဆောင်ကတော့ ..
တော်ကြာ...ကင်ဂျွန်ဂယူတို့ စိတ်ကောက်....
"အသဲလေးတို့ ဘာလုပ်နေတာလဲ?"
ဘုရားရေ...တစ်ယောက်က အသဲလေးတဲ့..
ယဲဒမ်နဲ့ မာရှီဟိုမှာ အကြည့်ချင်းတွေဆုံရလွန်းလို့ အကြည်တွေလဲစိုက်ကုန်ကြပါတော့မည်...ဒီအတွဲ ဘာတွေဖြစ်နေကြတာလဲမသိ...လူတွေကို အချစ်တွေရော အသဲတွေရော...
"ဘာစားပြီးပြီလဲ? မင်းတို့..မစားရသေးရင် ငါလိုက်ကျွေးမယ်လေ..မနေ့က အဖေ့ဆီက မုန့်ဖိုးတောင်းထားလို့ မုန့်ဖိုးများများရှိတယ် ဟဲဟဲ..."