ဂျီဟွန်းပြေးထွက်လာပြီးမှ ပြတင်းတံခါးအကွယ်ကနေ တစ်ချက်ချောင်းကြည့်လိုက်တော့ တစ်ရှူးအစိုနဲ့ကြမ်းပြင်ပေါ်သုတ်နေတဲ့ ဂျွန်ဂယူ ကိုတွေ့ရသည်။ တစ်ခြားသူငယ်ချင်းတွေကလဲ သန့်ရှင်းရေးကူလုပ်နေကြတာမို့ ဂျီဟွန်းလဲ ကိုယ့်အခန်းကိုပြန်လာခဲ့လိုက်၏။
တကယ်တော့ ဂျီဟွန်း က အပေါ့အလေး တကယ်သွားချင်တာ မဟုတ်.... မျက်နှာကလေးနီရဲပြီး အစပ်မစားနိုင်တာကို သည်းခံစားနေတဲ့ ဂျွန်ဂယူ အတွက် တော့ပိုကီ အစပ်ခွက် မှောက်ကျသွားအောင် တမင်သက်သက်၀င်တိုက် ပေးလိုက်ခြင်းသာ ဖြစ်သည်။
ကုတင်ပေါ်အိပ်လိုက်ရင်း ဂျီဟွန်း နေ့လည်ကအကြောင်းကိုပြန်စဉ်းစားလိုက်မိ၏။
တကယ်တော့ မဲထည့်ကြတဲ့အချိန်မှာ ဂျွန်ဂယူ နာမည်ကိုရေး၍ မဲထည့်ခဲ့ခြင်းက မိမိကိုယ်တိုင်ပင်ဖြစ်သည်။ ဂျွန်ဂယူက ဂျယ်ဟော့အပေါ် လေးလေးနက်နက် ခံစားချက်ရှိနေတာ အမှန်ပင်ဖြစ်တာကြောင့်....ဂျွန်ဂယူက ဂျယ်ဟော့ကိုမဲထည့်ခဲ့ခြင်းဖြစ်သည်။
ဂျီဟွန်းလဲ ကိုယ့်နာမည်ကိုတော့ မဲပြန်ပေးတော့ စိတ်ကူးမရှိတာကြောင့် ဂျွန်ဂယူ စိတ်တိုင်းကျ ဂျယ်ဟော့နာမည်ကို ရေးဖို့လုပ်ခဲ့ပေမယ့် မအောင်မြင်....
ဂျွန်ဂယူ နာမည်ကိုသာ ရေးချင်နေခဲ့ခြင်းဖြစ်သည်။
ဂျီဟွန်း မျက်လုံးကိုမှိတ်ကာ နံရံဘက်ကို မျက်နှာမူလိုက်ပေမယ့် အိပ်မပျော်သေးပါ...
အမြဲ မတည့်ခဲ့ကြဘူးဆိုပေမယ့်...စိတ်ထဲမှာ လိုတာထက်ပိုတဲ့ ခံစားချက်တွေ ဖြစ်ပေါ်နေခဲ့တာ...
ဘယ်အချိန်ထိ မျိုသိပ်နေရဦးမှာလဲ ကင်ဂျွန်ဂယူရယ်................................💎
" ယွန်းဂျယ်ဟော့...ငါမင်းအတွက် ဘာနားနားမစ် ၀ယ်လာတယ်.."
အပြောနဲ့အတူ စားပွဲပေါ်ချပေးလာတဲ့ ဘာနားနားမစ်ဗူးကိုလှမ်းယူလိုက်ရင်း အပြုံးနဲ့အတူ ယွန်းဂျယ်ဟော့က ကျေးဇူးစကားဆိုလိုက်သည်။
"ကျေးဇူးပဲ ဂျွန်ဂယူ"
ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်နေသော ဂျယ်ဟော့ရှေ့ကခုံကို ထိုင်လိုက်ရင်း ဂျယ်ဟော့နဲ့ မျက်နှာချင်းဆိုင်လိုက်ကာ...